ညောင်ဦး ဇွန် ၆
၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်းအား မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်မှ အဖွင့်အမှာစကားပြောကြားပြီးနောက် ကုလသဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအား ညောင်ဦးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဦးမင်းနိုင်ဦးကဖတ်ကြားသည်။ ဆက်လက်၍ ကုလသမဂ္ဂပတ်ဝန်းကျင်ထိန်း သိမ်းရေးအစီအစဉ် (UNEP)အမှုဆောင်ဒါရိုက်တာ၏မိန့်ခွန်းမှတ်တမ်း Video ပြသခြင်းနှင့် ၂၀၂၃ ခုနှစ် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေး မှတ်တမ်း Video များအားပြသပေးကာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်လက်ဆောင်ပစ္စည်းများပေးအပ်ကာ ၂၀၂၃ ခုနှစ် သန့်ရှင်း၍ စိမ်းလန်း စိုပြေသော ကျောင်းများဖြစ်သည့် ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(၁)၊ မန္တလေး တိုင်းဒေသကြီး ၂၀၂၃ ခုနှစ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဒုတိယဆု၊ ကျောက်ပန်းတောင်းမြို့နယ် ဆည်ပေါက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ၊မန္တလေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှစ်သိမ့်ဆုတို့အား ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့်တာဝန်ရှိသူများမှ ပေးအပ်ချီးမြှင့်ရာ ကျောက်ပန်းတောင်းမြို့နယ်၊ မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်က လက်ခံရယူသည်။
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ညောင်ဦး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်အဆင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်လက်ကမ်းစာစောင်များအခမဲဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း