သံတောင်ကြီး ဇွန် ၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ရွှေညောင်ပင်ကျေးရွာတွင် မိုးရာသီတွင် အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ် ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယနေ့နံနက်(၉)နာရီက သံတောင်ကြီးမြို့နယ် ကျန်းမာရေးဦးစီးဌာန လက်ထောက်ဆရာဝန် ဒေါက်တာနေမင်း ကျော်ငြိမ်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် သံတောင်ကြီးမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာအတွင်းရှိ နေအိမ်များ၌ ရေကန်ရေစည်၊ ရေအိုးများ၊ မိုးရေတင်နိုင်သောခွက်၊ တာယာစုတ်၊ အိုးခြမ်းပဲ့၊ အုန်းမှုတ်ခွက်၊ ညောင်ရေအိုး၊ ပန်းအိုးများတွင် ပိုးလောက်လန်းကာကွယ်ရေး အဘိတ်ဆေးများ ခတ်ခြင်း ၊ ဖုံး ၊ သွန် ၊ လဲ ၊ စစ်လုပ်ငန်းမများကို တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နော်နော်မူ