လှည်းကူးမြို့၊ သာသနာ့ရိပ်သာရပ်ကွက်တွင် တီဘီရောဂါဝေဒနာရှင်များအား အခမဲ့ဆေးကုသမှု ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ အောင်ဆန်းဆေးရုံကြီးမှဆရာဝန်ကြီးများအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ တီဘီရောဂါဝေဒနာရှင် ပြည်သူများအား ယနေ့နံနက် ၉ နာရီက လှည်းကူးမြို့၊ သာသနာ့ရိပ်သာရပ်ကွက် ဓမ္မာရုံတွင် အခမဲ့ဆေးကုသပေးလျက်ရှိကြောင်းသိရသည်။

မော်လိုက်မြို့၌ ၂၀၂၃ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ “ကမ္ဘတစ်ဝှမ်းမှာ များသူငါ၊ သစ်ပင်စိုက်ပါ သင့်ဝန်တာ” ၊ “သက်ရှိလောက တည်မြဲဖို့၊ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းစို့” အစရှိသည့် ဆောင်ပုဒ်များနှင့် အညီ ၂၀၂၃ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲ(ခရိုင်အဆင့်)ကို ယမန်နေ့ နံနက်(၈)နာရီအချိန်က သစ်တောဦးစီးဌာနက  ကြီးမှူး၍ အထက  ကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အုတ်ဖိုမြို့တွင် စျေးကွက်အတွင်းရောက်ရှိနေသော တရားမဝင်ဆေးဝါးများဆိုင်ရာအချက်အလက် မြေစိုက်ပိုစတာစိုက်ထူ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် စျေးကွက်အတွင်းရောက်ရှိနေသော တရားမဝင်ဆေးဝါးများဆိုင်ရာ အချက်အလက်မြေစိုက်ပိုစတာစိုက်ထူခြင်းကို အုတ်ဖိုမြို့၊ မြို့မစျေးဘူတာတို့တွင် ယမန်နေ့ မွန်းလွဲပိုင်းက စိုက်ထူခဲ့သည်။

ရွှေတောင်မြို့၌ မွေးစမှ ၂ နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှ အသက်(၂)နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို နံနက်(၉)နာရီတွင် အဆိုပါဌာန၌ ဆေးထိုးဆေးတိုက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသားဦးရေပေါင်း နှစ်သောင်းကျော် တက်ရောက်ပညာသင်ကြား

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်အခွင့်အလမ်း မဆုံးရှုံးစေရေးအတွက် ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အားလုံးဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိရာ ဇွန် ၅ ရက်နေ့အထိ ကျောင်းသားကျောင်းသူဦးရေ စုစုပေါင်းနှစ်သောင်းကျော် စိတ်အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ကော်မတီဝင်များနှင့်တွေ့ဆုံ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူ များသည်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖွဲ့စည်းထားသည့် မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ကော်မတီဝင်များနှင့် တွေ့ဆုံခြင်းကို ယနေ့နံနက် ၁၀နာရီအချိန်က ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု (Command Post)အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့ကြသည်။

လားရှိုးမြို့တွင် ၂၀၂၃ ခုနှစ် နိကာယ်စာမေးပွဲ ကျင်းပပြီးစီး

၂၀၂၃ ခုနှစ်၊ နိကာယ်စာမေးပွဲကို  ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ သာသနာ့ဗိမာန်တွင် ဇွန်လ ၁ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ဇွန်လ ၅ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်တွင် စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက စာဖတ်ဝိုင်းပြုလုပ်ကျင်းပသည်။

ပုဗ္ဗသီရိ​မြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ပုဗ္ဗသီရိမြို့နယ်၊ သပြေကုန်းကျေးရွာအုပ်စု ရေပြာကျေးရွာရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)များ ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုးညှင်းမြို့၌ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်း ကျောင်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၁)နာရီက အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်း မြတ်သရဖူခန်းမ၌ ကျင်းပသည်။
Subscribe to