မိုင်းဆတ်မြို့၌ လေပြင်းမုန်တိုင်းအန္တရာယ်ခံစားခဲ့ရသည့် အသက်(၇၀)နှစ်နှင့်အထက် ဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၅)နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်

မိုင်းဆတ် ဇွန် ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ လေပြင်းမုန်တိုင်းအန္တရာယ်ခံစားခဲ့ရသည့် အသက်(၇၀)နှစ်နှင့် အထက်ဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၅)နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းဆတ်မြို့တွင် မေလ(၈)ရက်နေ့ညနေပိုင်းက တိုက်ခတ်ခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ၊ ဘုရားစေတီများ ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဇင်မာကြည်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်နှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ခင်ညွှန့်ဝေတို့က လေပြင်းမုန်တိုင်းအန္တရာယ်ခံစားခဲ့ရသည့် အသက်(၇၀)နှစ်နှင့် အထက်ဘိုးဘွား(၄)ဦး၊ ကိုယ်ဝန်ဆောင်မိခင်(၁)ဦးနှင့် အသက်(၅)နှစ်အောက်ကလေးငယ်(၃)ဦးတို့အား တစ်ဦးလျှင်ထောက်ပံ့ငွေကျပ်(၃၀၀၀၀)နှုန်း ထောက်ပံ့ပေးအပ်ရာ လေပြင်းမုန်တိုင်းအန္တရာယ်ခံစားခဲ့ရသူတို့က အသီးသီးလက်ခံရယူခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)