ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ အထက မိုင်းတုံစာသင်ကျောင်းဝန်း၌ မြို့နယ်ကုန်ကူးမှုတားဆီးကာကွယ်တိုက်ဖျက်ရေးအဖွဲ့မှ ဦးဆောင်၍ မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများမှ (ပထမ၊ ဒုတိယ၊ တတိယ)ဆုရကျောင်းသား၊ ကျောင်းသူများ၏ ပုံရိပ်များအား မြေစိုက်ပိုစတာထောင်ခြင်း အခမ်းအနားကို ယနေ့နံနက် ၀၉:၄၅ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ မိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွန်းကျော်နှင့် အဖွဲ့များ၊ ခရိုင်ရဲမှုးဦးမျိုးမြင့်ထွန်းနှင့်အဖွဲ့များ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးအဖွဲ့များ၊ ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများစုစုပေါင်း(၁၇၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။