မင်းလှမြို့၌ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးမည့် တောင်သူများအား တွေ့ဆုံဆွေးနွေး

အထက်မင်းလှ  ဇွန် ၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြိုနယ်တွင်၂၀၂၃ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးမည့် တောင်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများမှ ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ထုတ်ချေးမည့် တောင်သူများအနေဖြင့် မိုးသီးနှံများစိုက်ပျိုးရာတွင် ဆီထွက်သီးနှံနေကြာအား လျာထားဧကများတွင် အောင်မြင်စွာစိုက်ပျိုးနိုင်ရေး   မျိုးကောင်းမျိုးသန့်စိုက်ပျိုးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်သွယ်သွယ်အုန်းက ၂၀၂၃ ခုနှစ်မိုးသီးနှံချေးငွေ ထုတ်ချေးခြင်းနှင့်ပတ်သက်သည့် စည်းကမ်းချက်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကာ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ခေတ္တမြို့နယ် ဦးစီးမှူးဦးညီညီနိုင်က မျိုးကောင်းမျိုးသန့်သုံးစွဲရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စီမံကိန်းဧကပြည့်မီရေး တို့ကိုဆွေးနွေးခဲ့ပြီး၊ မြို့နယ်လယ်ယာမြေစီမံခန်းခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်ဝင်းက လယ်ယာမြေလုပ်ခွင့်ပြု လက်မှတ်ပုံစံ-၇နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် ဆွေးနွေးပွဲတက်ရောက်လာသည့် တောင်သူများကဆီထွက်သီးနှံမိုးနေကြာ စိုက်ပျိုးနိုင်ရေးနှင့် သိလိုသည်များကို မေးမြန်းခဲ့ကြရာဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။                                                                     

ဇာဇာ(အထက်မင်းလှ)