ပိုင်ကျုံ ဇွန် ၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူစည်ကားသည့်နေရာများတွင် ပြည်သူများ Mask များတပ်ဆင်သွားလာစေရေးအတွက် Mask Campaign ဆောင်ရွက်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းကို ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင် ဦးဆောင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများပူးပေါင်းကာ အမှတ်(၃)ရပ်ကွက်ရှိ လူသွားလာများသည့်နေရာများတွင် Mask တပ်ဆင်သွားလာခြင်းမရှိသည့် ပြည်သူများကို Maskများအခမဲ့ဝေငှပေးခဲ့ပြီး အများ ပြည်သူ များ သိသင့်သိထိုက်သော ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်ရေးအတွက် ရှောင်ရန်/ဆောင်ရန်အချက်များအား တာဝန်ရှိသူများတို့မှ အသိပညာပေးရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ကြောင်း သိရသည်။
ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါမဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဖြစ်သည့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ Mask Campaign ဆောင်ရွက်ခြင်းလုပ်ငန်းနှင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကိုလည်းစဉ်ဆက်မပြတ် ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)