စစ်ကိုင်း ဇွန် ၆
စစ်ကိုင်းမြို့တွင် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင် စိုက်ပျိုးခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဇေယျာရပ်ကွက်ရှိ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်ပင်စိုက်ပျိုးပွဲတွင် စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားများကို မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ မြို့ကြီးများတွင် နှစ်စဉ်အလှည့်ကျ ကျင်းပခဲ့ကြကြောင်း၊ ယခုနှစ်၏ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ကတော့ “ ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်း ဆောင်ရွက်စို့” ပဲဖြစ်ပါတယ်။ ကမ္ဘာ့ပတ် ဝန်းကျင်ထိန်းသိမ်းရေးနေ့ စုပေါင်း သစ်ပင်စိုက်ပျိုးရတဲ့ ရည်ရွယ်ချက်ကတော့ ကျောင်းသား/ ကျောင်းသူ လူငယ်တွေအနေနဲ့ ငယ်စဉ်ဘဝမှစ၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအပေါ် အသိပညာရရှိပြီး အာရုံ စူးစိုက်လာနိုင်စေဖို့၊ ပူးပေါင်းပါဝင်လာနိုင်စေဖို့၊ ပလစ်စတစ်ညစ်ညမ်းမှုအန္တရာယ်တွေကို သိရှိပြီး တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပါဝင်ကာ သစ်တောသစ်ပင် တွေကို ချစ်မြတ်နိုးလာစေဖို့စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်အားပေးခဲ့သည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ နယ်မြေခံတပ်မဌာနချုပ်မှ ဒုတိယတပ်မမှူးတို့က သစ်ပင်များစိုက်ပျိုးရန် တာဝန်ရှိ သူများအား ပျိုးပင်များပေးအပ်ခဲ့ကြပြီး စုပေါင်းသစ်ပင်စိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်