မိုင်းတုံမြို့၌ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ဆုရပုံရိပ်များ မြေစိုက်ပိုစတာထူခြင်း အခမ်းအနားကျင်းပ

မိုင်းတုံ ဇွန် ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ အထက မိုင်းတုံစာသင်ကျောင်းဝန်း၌ မြို့နယ်ကုန်ကူးမှုတားဆီးကာကွယ်တိုက်ဖျက်ရေးအဖွဲ့မှ ဦးဆောင်၍ မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများမှ (ပထမ၊ ဒုတိယ၊ တတိယ)ဆုရ‌ကျောင်းသား၊ ကျောင်းသူများ၏ ပုံရိပ်များအား မြေစိုက်ပိုစတာထောင်ခြင်း အခမ်းအနားကို ယနေ့နံနက် ၀၉:၄၅ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ မိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွန်းကျော်နှင့် အဖွဲ့များ၊ ခရိုင်ရဲမှုးဦးမျိုးမြင့်ထွန်းနှင့်အဖွဲ့များ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးအဖွဲ့များ​၊ ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများစုစု‌ပေါင်း(၁၇၅)ဦး တက်ရောက်ခဲ့‌ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မိုင်းတုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမျိုးမြင့်ထွန်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးလှ​အေးတို့မှ မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများမှ (ပထမ၊ ဒုတိယ၊ တတိယ)ဆုရ‌ကျောင်းသား၊ ကျောင်းသူများ၏ ပုံရိပ်များအား မြေစိုက်ပိုစတာကိုဖဲကြိုး ဖျက်ဖွင့်လှစ်ခဲ့သည်။ ဆက်လက်ပြီး တက်ရောက်လာကြသော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး‌စောင့်ရှောက်‌ရေးအဖွဲ့များ​၊ ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများမှ မြေစိုက်ပိုစတာများကို ကြည့်ရှုအား‌ပေးခဲ့ကြပြီးအခမ်းအနားကို နံနက် ၁ဝး၂၀ အချိန်တွင် ရုတ်သိမ်းခဲ့‌ကြောင်း သိရှိရသည်။

မျိုးကျော်စိုး(ပြန်/ဆက်)