အိမ်မဲမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ပြသ

အိမ်မဲ ဇွန် ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမနှင့် မြေစိုက်နံရံကပ်ဘုတ်တွင် ယမန်နေ့က ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့သည်။

အဆိုပါ အသိပညာပေး နံရံကပ်စာစောင်၌ ဇွန်လ (၅)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ သတ်မှတ်ထားပုံအကြောင်း၊  ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်နှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးရသည့်အကြောင်းအရင်းများ ပါဝင်ပြီး စာဖတ်စာငှား ပရိတ်သတ်များ၊ ပြည်သူများက စိတ်ပါဝင်စားစွာ လေ့လာ ကြည့်ရှုခဲ့သည်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များပြသ ခြင်းကြောင့် ပြည်သူများက မိမိနိုင်ငံ၊ မိမိမြို့၊ မိမိကျေးရွာတို့မှ သဘာဝပတ်ဝန်းကျင်များကို ထိန်းသိမ်းတတ်သည့် အလေ့အထကောင်းများ ရရှိလာမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)