လိပ်သိုမြို့၌ “အပြည်ပြည်ဆိုင်ရာ မှုးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်‌ရေးနေ့” အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပ

လိပ်သို ဇွန် ၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား/ ကျောင်းသူလေးများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီအချိန်က “အပြည်ပြည်ဆိုင်ရာ မှုးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်‌ရေးနေ့”  အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ကျပန်းစကား ပြောပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲတို့ကို ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်မှ အနာဂတ်ကလေးငယ်များအား ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်၊ အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာများ ပြည့်စုံလာစေရန် စသည်ဖြင့် ပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို  ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/ ကျောင်းသူ လေးများအား  ပဟေဠိအမျိုးမျိုးဖြင့် ဉာဏ်စမ်းပြိုင်ပွဲ၊  ကျပန်းစကားပြော ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပလျက်ရှိရာ ကလေးသူငယ်များမှ စိတ်ဝင်တစား ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ (၂၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လိပ်သိုမြို့ရုံးအနေဖြင့် မျိုးဆက်သစ် လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန် စာအုပ်စာစောင်များ ငှါးရမ်းပေးခြင်းအပြင် သင်တန်းများ၊ ပန်းချီပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည် ပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲ စသည့် အစီအစဉ်များနှင့် အသိပညာပေး  Talk Show အစီအစဉ် များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)