မိုင်းငေါ့မြို့တွင် မြို့ပေါ်(၅)ရပ်ကွက် နှင့်ကျေးရွာများရှိ မွေးကင်းစမှ အသက် ၂ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်

မိုင်းငေါ့  ဇွန် ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်(၉)နာရီအချိန်က မိုင်းငေါ့မြို့ တိုက်နယ်ကျန်းမာရေးဌာန၌ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီဆောင်ရွက်ပေးခဲ့ပါသည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးရာတွင် မြို့ပေါ်(၅)ရပ်ကွက်နှင့်‌ကျေးရွာများရှိ  မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးငယ်များအား တိုက်နယ်ကျန်းမာရေးဌာနမှ ဆရာမဒေါ်ခင်မျိုးဦးနှင့်အဖွဲ့က ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ အသည်းရောင်အသားဝါ(B)ပိုးဦးနှောက် အမြှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင် ရောဂါ(၁၁)မျိုးနှင့် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခြင်း၊ ကလေးငယ်များအား ကိုယ်အလေးချိန်တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)