သပြေကုန်းဘိုးဘွာရိပ်သာနှင့် အစိုးရနိကာယ်ငါးရပ် (ဝိဒူတန်းနှင့် မဟာဝိဒူတန်း) စာမေးပွဲဖြေဆိုနေကြသည့် သံဃာတော်/ သီလရှင်များအား တိုင်းဒေသကြီးဝန်ကြီးချုပ် အအေးများ ဆက်ကပ်လှူဒါန်း

ပဲခူး ဇွန် ၆

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့သည် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်အတူ  ယမန့်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ သပြေကုန်းဘိုးဘွာရိပ်သာသို့ သွားရောက်၍ သက်ကြီးဘိုး/ ဘွားများအား တစ်နေ့စာ ထမင်းအဟာရများ ကျွေးမွေးလှူဒါန်းကာ ဂါရဝပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

ထို့နောက် ဘိုးဘွားရိပ်သာဘက်စုံပြုပြင်မွမ်းမံနေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်အတူ မွန်းလွဲပိုင်း၌ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် (၃၀)ကြိမ်မြောက် အစိုးရနိကာယ်ငါးရပ်(ဝိဒူတန်းနှင့် မဟာဝိဒူတန်း) စာမေးပွဲဖြေဆိုနေကြသည့်  သံဃာတော်/သီလရှင်(၃၂၀)ပါးနှင့် ကြီးကြပ်ဆရာတော်များအား နဝကမ္မအလှူငွေနှင့် အအေးများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ ဆက်)