ညောင်ဦး ဇွန် ၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု ထနောင်းစုကျေးရွာ စာသင်ကျောင်းသို့ ရွာသို့ဝေမျှခြင်းပရဟိတမိသားစုက ယနေ့နံနက် ၉ နာရီ အချိန်က သောက်သုံးရေ ၈၀၀ ဂါလံသွားရောက်လှူဒါန်းပေးခဲ့ကြောင်း ညောင်ဦးမြို့နယ် အေးမေတ္တာရေအလှူ တော်အသင်း ဦးဝင်းမင်းထွန်းထံကသိရသည်။
ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ၊ တဲတိုက်၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီး ကျောင်းများသို့ သောက်သုံးရေအလှူခံလာပါက ဝေမျှခြင်းပရဟိတအသင်းကသွား ရောက်လှူဒါန်းလျက်ရှိရာ ယနေ့တွင်လည်း ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု၊ ထနောင်းစုကျေးရွာ စာသင် ကျောင်းသို့ ဝေမျှခြင်းမိသားစုကသောက်သုံးရေဂါလံ ၈၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
ဒီပါလင်း