တနင်္သာရီမြို့နယ် Community Centre အတွင်းမူးယစ်ဆေးဝါးအကြောင်း အသိပညာပေး Talk Show ပြုလုပ်

တနင်္သာရီ ဇွန် ၆ 

တနင်္သာရီတိုင်းဒေသကြီး  မြိတ်ခရိုင် တနင်္သာရီမြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ မူယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မူးယစ်ဆေးဝါးအကြောင်း အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က (Community Centre) မြို့နယ်လူထုအခြေပြုဗဟိုဌာန ခန်းမအတွင်း ပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်ဝင်းကပညာပေး (Talk Show) အစီအစဉ်ပြုလုပ်ရခြင်း၏ရည်ရွယ်ချက် များကိုရှင်းလင်းဆေးနွေးပေးပြီး ယနေ့တွင် ပူးပေါင်းဆွေးနွေးပေးကြမည့်ဌာန အဖွဲ့အစည်းနှင့်တာဝန်ရှိသူများအား မိတ် ဆက်ပြောကြားသည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက မူးယစ်ဆေးဝါးအမျိုးအစားနှင့်စိတ်စွဲလန်းရခြင်းကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပေးသည်။

ဆက်လက်၍ တနင်္သာရီမြို့နယ် ရဲတပ်ဖွဲ့ မြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်အောင်က မူးယစ်ဆေးဝါး သမိုင်းကြောင်းနှင့်ဆိုးကျိုးများ၊ မိသားစုနောက်ဆက်တွဲဆိုးကျိုးများ၊ မူးယစ်ဆေးဝါး၏ ဥပဒေဆိုင်ရာများကို ရှင်းလင်းဆွေးနွေးပေးကြောင်း သိရသည်။

ထို့အပြင် မူးယစ်ဆေးဝါးအမျိုးအစားများနှင့် ဆိုးကျိုးမှတ်တမ်းဓါတ်ပုံများကို ရွှေသာရီနံရံကပ်အဖြစ် ရုံးအတွင်း၌ ပြသပေးထားပြီး အဆိုပါအသိပညာပေး(TALK SHOW) ဆွေးနွေးပွဲ အစီအစဉ် ရုပ်/သံကို မိဘပြည်သူအများ အချိန်မရွေးလေ့လာ သိရှိနိုင်စေရန် တနင်္သာရီမြို့နယ် We Love Tanintharyi Page တွင်လွှင့်တင်ပေးထားကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)