တမူးမြို့တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးအတွက် ပျိုးပင်များ ပျိုးထောင်ထားရှိ

တမူး ဇွန် ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြေပြီး အပူဒဏ်အန္တရာယ် လျော့နည်းစေရန်နှင့်  သစ်တောများ ပြုန်းတီးမှုကြောင့် ကြုံတွေ့ရမည့် သဘာဝဘေးအန္တရာယ် ကာကွယ်နိုင်စေရန်အတွက် ပျိုးပင်များကို သစ်တောဦးစီးဌာန ပျိုးဥယျာဥ်ခြံ၌ စနစ်တကျပြုစု ပျိုးထောင်ထားကြောင်း သိရသည်။

အဆိုပါ ပျိုးပင်များကို ခရိုင်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ၊ ဌာနဆိုင်ရာရုံးများ၊ စာသင် ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများတွင် စိုက်ပျိုးနိုင်ရန် ကျွန်း(၃၀၀၀) ပျဥ်းကတိုး (၁ဝ၀၀)၊ မျောက်ငို(၁၀၀၀)နှင့် ဝါး(၅၀၀၀) ပင်တို့ကို ၂၀၂၃  ခုနှစ်  မိုးရာသီကာလတွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေး အတွက် ဖြန့်ဝေပေးသွားမည်ဖြစ်ရာ ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များကို ချစ်မြတ်နိုးပြီး တန်ဖိုးထား ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ ပျိုးထောင် ထားခြင်းဖြစ်ကြောင်း၊ နှစ်စဉ်ဒေသခံပြည်သူများအား ဖြန့်ဝေခဲ့သောပျိုးပင်များလည်း ယခုအခါ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရ သည်။

ရတနာ