ညောင်ဦး ဇွန် ၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ မိုးဦးကျတွင်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရေး အတွက် အခြေခံပညာ ကျောင်းများရှိ ရေအုတ်ကန်များ၊ မိုးရေလှောင်ကန်များအတွင်း ခြင်သားပေါက်လောက် လောင်းများကင်းဝေးစေရန် အဘိတ်ဆေးထည့်ခြင်းနှင့် ဖုံး သွန် စစ် လဲ ပညာပေးလုပ်ငန်းများနှင့်လက်တွေ့ ကျောင်းသားကျောင်းသူများ၊ဆရာ/မများနှင့် လုပ်ဆောင်ခြင်းအား ဇွန် ၆ ရက်၊ နံနက် ၉နာရီခွဲအချိန်က အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကင်းရှင်းရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် ခြင်ပေါက်ပွားနိုင်သော ရေစည်၊ ရေအိုး၊ ရေအုတ်ကန်များ၊ ကားတာယာ၊ ဆိုင်ကယ်၊ စက်ဘီးတာယာဟောင်းများအတွင်း ရေတင်နေသည့်နေရာများအား အဘိတ် ဆေးခတ်ခြင်းနှင့် ဖုံး သွန် စစ် လဲ လုပ်ငန်းများအား ညောင်ဦးမြို့နယ် ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့် အခြေခံပညာ ဆရာ/မများ၊ ကျောင်းသား/သူများမှ သွေးလွန်တုပ်ကွေးအန္တရာယ် ကင်းဝေးစေရေး ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း