မူဆယ် ဇွန် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ယမန်နေ့နံနက်(၁၀:၃၀)အချိန်က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့် အနီးအနားပတ်ဝန်းကျင်ရှိ ရပ်ကွက်နေပြည်သူများကို ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးကို လာရောက်ထိုးနှံပေးခဲ့ပါသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မူဆယ်မြို့နယ်၊ ကျန်းမာရေးဌာန၊ ပြည်သူဆေးရုံကြီးမှ ကျန်းမာရေးမှူး ဦးအေးကိုလွင် ဦးဆောင်၍ ကျန်းမားရေးကြီးကြပ်(၂) ဒေါ်ဆွေမီမီဟန်၊ ဘက်စုံသားဖွားဆရာမ ဒေါ်ခင်မိုးသူတို့က အခမဲ့လာရောက်ထိုးနှံပေးခဲ့ပါသည်။ ကာကွယ်ဆေးမထိုးနှံမှီ လိုအပ်သောကိုယ်အပူချိန်တိုင်းတာခြင်း၊ ယခင်ထိုးနှံပြီးသော ကာကွယ်ဆေးအကြိမ်အရေအတွက် သေချာစီစစ်မေးမြန်းခဲ့ပြီး စနစ်တကျထိုးနှံပေးခဲ့ပါသည်။ ကာကွယ်ဆေးထိုးနှံပေးရာတွင် မူဆယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်း(၇)ဦးနှင့် အနီးအနားပတ်ဝန်းကျင်ရှိ သက်ကြီးရွယ်အို အဘိုးအဘွားများ၊ ရပ်ကွက်နေပြည်သူများကို ထိုးနှံပေးခဲ့ပြီး သက်ကြီးရွယ်အို အဘိုးအဘွားများကိုလည်း ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းအပြင် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများလည်း စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မူဆယ်ခရိုင်(ပြန်/ဆက်)