ဖျာပုံမြို့နယ်တွင်နိုင်ငံ့စီးပွားမြှင့်တင်ရေး ကြီးကြပ်မှုကော်မတီမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်မည့်လုပ်ငန်းရှင်များအား ချေးငွေထုတ်ပေး

ဖျာပုံ   ဇွန်    ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြို့နယ်နို င်ငံ့စီးပွားမြှင့်တင်ရေးကြီးကြပ်မှု ကော်မတီမှနိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် လုပ်ငန်းရှင်များအား ချေးငွေထုတ် ပေးခြင်းကို ဇွန်လ (၆)ရက်နေ့ နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည်။

အဆိုပါမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ကြီးကြပ်မှုကော်မတီမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန် ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းရှင်များအား၊ ချေးငွေထုတ်ပေးရာတွင် ဖျာပုံခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်နိုင်ငံ့စီးပွားမြှင့်တင်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်လင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ဖျာပုံမြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသက်ထားမောင်က၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန် ပုံငွေဖြင့်ဆောင်ရွက်မည့် လုပ်ငန်းစဥ်များအား ရှင်းလင်း ဆွေးနွေးပြောကြားသည်။

 ဆက်လက်၍မြို့နယ်စီမံကိန်း ဦးစီးမှူး၊ မြို့နယ်နိုင်ငံ့စီးပွားမြှင့် တင်ရေးကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး ဦးကျော်ကျော်သက်မှ သက်ဆိုင်ရာဌာနများမှ တင်ပြလာသော ချေးငွေရယူလိုသည့်လုပ်ငန်းရှင်များ၏ လုပ်ငန်းများကို ကော်မတီအဖွဲ့ဝင်များဖြင့် ကွင်းဆင်းစစ်ဆေးပြီး၊ ချေးငွေထုတ်ချေးခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ဖျာပုံမြို့နယ်အနေဖြင့်နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေသန်း(၂၅၀)အား၊ နိုင်ငံ့စီးပွားမြှင့် တင်ရေးရန် ပုံငွေဖြင့်ဆောင်ရွက်မည့် လုပ်ငန်းရှင်များအား၊ ဖျာပုံခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်နိုင်ငံ့စီးပွားမြှင့်တင်ရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌဦးတင်လင်း၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်ဦးအေးကြိုင်၊ ဖျာပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင် ရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးသက်ထားမောင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ များအား၊အသီးသီးပေးအပ်ကြရာ၊ ဖျာပုံမြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် လုပ်ငန်းရှင်များက လက်ခံရယူကြပြီး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းရှင်များ ကိုယ်စားလုပ်ငန်းရှင် ဦးသိန်းလှိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)