တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း အမှတ်စဉ် (၉/၂၀၂၃) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်

ထားဝယ် ဇွန် 

လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာ သင်တန်းအမှတ်စဉ် (/၂၀၂၃) မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် နာရီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက  ယခုတက်ရောက်လာသော ဆရာ/မလောင်းများသည် တနင်္သာရီတိုင်းဒေသကြီး၌ရှိသော ကလေးသူငယ်များအား နောင်တစ်ချိန်တွင် တန်ဖိုးရှိအောင် ဆောင်ရွက်ပေးမည့် ဆရာ၊ဆရာမကောင်းများဖြစ်ကြောင်း၊ ကလေးသူငယ်များအား အတတ်လည်းသင်၊ ကျောင်းပညာဘာသာရပ်များနှင့် လိမ္မာယဉ်ကျေးအောင် သင်ပေးရသော သူများဖြစ်ကြောင်း၊ လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း တက်ရောက်ကြမယ့် ဆရာ/ဆရာမလောင်းများသည် မကြာမီကာလတွင် နိုင်ငံတော်၏ အဓိက အခန်းကဏ္ဍတစ်ခု ဖြစ်သောပညာရေးဆိုသည့် အခန်းကဏ္ဍကြီး၌ ကျရာတာဝန်ကျေပွန်စွာ ထမ်းဆောင်ရင်း နိုင်ငံတော်အကျိုးကို ဆရာဆိုသည့်ဘဝဖြင့် ပေးဆပ်သွားမည့် သူများလည်းဖြစ်ကြောင်း၊ ပြောင်းလဲ လာသောခေတ်နှင့်အညီ စိန်ခေါ်မှုအမျိုးမျိုးဖြင့် ကြုံတွေ့နေရသော မျက်မှောက်ကာလ၌ ကျောင်းသားများ၏ဘဝကို ထိန်းကျောင်းပေးရသော ဆရာများတာဝန်သည် ပိုမိုများပြားလာကြောင်း၊ အခြေခံပညာရေးနှင့် ရည်မှန်းချက်များဖြစ်သည့် နိုင်ငံသားတိုင်း အခြေခံပညာပြီးဆုံးသည်အထိ သင်ယူတတ်မြောက်ရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့်  နိုင်ငံသားကောင်းများ ဖြစ်လာစေရန်၊ ပြည်သူ့နီတိ၊ ဒီမိုကရေစီကျင့်စဉ်နှင့် လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းများဖြင့် ဥပဒေကို လေးစားလိုက်နာတတ်သည့် နိုင်ငံသာကောင်းများ ဖြစ်လာစေရန်၊ ပြည်ထောင်စုစိတ်ဓာတ်ဖွံ့ဖြိုးပြီး တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့နှင့် သမိုင်းအမွေအနှစ်တို့ကို တန်ဖိုးထားထိန်းသိမ်းပြီး ယင်းတို့ကိုလက်ဆင့်ကမ်းနိုင်သည့် နိုင်ငံသားများ ဖြစ်လာစေရန်၊ လူတစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ မတူကွဲပြားမှုများကို နားလည်လက်ခံရန်၊ တန်းတူညီမျှမှုကို တန်ဖိုးထားလေးစားပြီး ငြိမ်းချမ်းရေး အခြေခံအသိများနှင့်အညီ လက်တွေ့ ကျင့်သုံးနေထိုင်တတ်စေရန်၊ မြန်မာနိုင်ငံသားတစ်ဦး ဖြစ်ရသည့်အတွက် ဂုဏ်ယူတတ်စေရန် စသည့်ရည်မှန်းချက်များကို မောင်မယ်တို့က သိရှိထားရုံသာမက ကိုယ်တိုင်လိုက်နာ ကျင့်သုံးပြီး မိမိတို့၏တပည့်များကိုလည်း ပြန်လည်လက်ဆင့်ကမ်း ပြုစုပျိုးထောင်ပေးရမည့်သူများဖြစ်ကြောင်း၊  ဆရာ၊ ဆရာမများသည် တိုင်းဒေသကြီးအတွက် ကောင်းရာကောင်းကျိုးများ၊ ဖြစ်ပေါ်လာမည့် မျိုးဆက်သစ်များ၊ တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးမည့် မျိုးဆက်သစ်များ၊ ပညာရပ်နှင့် အတတ်ပညာရပ်များသော်လည်းကောင်း၊ ဖြစ်ပေါ်လာမည့် ကလေးသူငယ်များအား သင်ကြားပြသပေးရမည့် ဆရာ၊ ဆရာမများ ဖြစ်သောကြောင့် တိုင်းဒေသကြီးကိုယ်စား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျေးဇူးတင်ရှိကြောင်း ဂုဏ်ပြုပြောကြားသည်။

ထို့နောက် ထားဝယ်ပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်နီနီသန်းက  သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပညာရေးဒီဂရီကောလိပ်မှ ဆရာ၊ဆရာမများက အကများဖြင့် သီဆိုကပြဖျော်ဖြေရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမ များက ကြည့်ရှုအားပေးကာ ဖျော်ဖြေရေးအဖွဲ့များအား တိုင်းဒေသကြီးအစိုးရအဖွဲ့က ဂုဏ်ပြုဆုငွေ (၂)သိန်းကျပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရသည်။

 ကျော်ကျော်လတ် (ပြန်/ဆက်)