ညောင်ဦး ဇွန် ၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသား ကျောင်းသူများအား မေ ၂၃ နံနက် ၉ နာရီအချိန်မှ စတင်ပြီး ကျောင်းအပ်လက်ခံလျက်ရှိရာ ကျောင်းအပ်လာသူ ကျောင်းသား/သူများ များပြားလျက်ရှိပြီး ဇွန် ၆ ရက်နေ့ထိ ကျောင်းသား ကျောင်းသူ (၇၅၇၈၄)ဦး လာရောက်အပ်နှံထားရှိပြီး စိတ်အေးချမ်းသာစွာ ပညာသင်ကြားလျက်ရှိကြောင်း ညောင်ဦးခရိုင်၊ ခရိုင်ပညာရေးမှူး ဒေါ်မိမိအောင်ထံက သိရသည်။
ကျောင်းအပ်လာသည့် ကျောင်းသားကျောင်းသူများအား သက်ဆိုင်ရာ အတန်းအလိုက် ဆရာ၊ဆရာမများက စနစ်တကျ ကျောင်းအပ်လက်ခံပေးခဲ့ပြီး KG တန်းမှ Grade -12 အထိ ကျောင်းသားကျောင်းသူများကို ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းဝတ်စုံ၊ ပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့်ဘောပင်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးခရိုင်၌ ကျောင်းသားကျောင်းသူများလက်ခံလျှက်ရှိသည့် ဇွန် ၆ ရက်နေ့ထိ ညောင်ဦးမြို့နယ်၌ အခြေခံပညာမူလတန်းကျောင်း KG တန်းမှ G-5 (၂၄၅၅၃)ဦး ၊ အခြေခံပညာအလယ်တန်းကျောင်း Grade -6 မှ Grade -9 ထိ (၇၂၈၁)ဦး၊ Grade -10 မှ Grade -12 ထိ ၊ ကျောင်းသားကျောင်းသူ (၂၀၉၆) ဦး ၊ ကျောက်ပန်းတောင်းမြို့နယ်၌ အခြေခံပညာမူလတန်းကျောင်း KG တန်းမှ G-5 (၂၉၂၀၉)ဦး၊ အခြေခံပညာအလယ်တန်းကျောင်း Grade -6 မှ Grade -9 ထိ (၉၂၉၈)ဦး၊ Grade -10 မှ Grade -12 ထိ ၊ ကျောင်းသားကျောင်းသူ (၃၃၄၇) ဦး ၊ လာရောက်အပ်နှံခဲ့ကာ၊ ညောင်ဦးခရိုင်၌ ကျောင်းသားကျောင်းသူ (၇၅၇၈၄)ဦး လာရောက်အပ်ထားရှိပြီး ကျောင်းမအပ်ရသေးသည့် ကျောင်းသား/သူများလည်း ရှိနေနိုင်သေးရာ ဆက်လက်ကျောင်းအပ်လက်ခံနိုင်ရေး ဆောင်ရွက်နေကြောင်းလည်း သိရသည်။
ဒီပါလင်း