ကွတ်ခိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် လူငယ်နှင့်အားကစားအကြောင်း အသိပညာပေး (Talk Show) ပြုလုပ်

ကွတ်ခိုင် ဇွန် ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူပေါင်း၍ လူငယ်နှင့်အားကစားအကြောင်းအသိပညာပေး (Talk Show)ဆွေးနွေးပွဲအား ယနေ့‌နံနက်ပိုင်း (၁၀)နာရီအချိန်က၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဌေးဌေးဝင်းက အသိပညာပေး (Talk Show)ဆွေးနွေးပွဲများ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကွတ်ခိုင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အား/ကာမှူး ဦးနိုင်ဝင်းနှင့် အပြန်အလှန်ဆွေးနွေးကြရာ “အားကစားဆိုတာဘာလဲ”၊ အားကစားအမျိုးအစားများ၊ အားကစားအမျိုးအစားထဲမှ လူငယ်များအတွက် အရိုးရှင်းဆုံး အားကစားလေ့ကျင့်ခြင်းအကြောင်း၊ အန္တရာယ်အကင်းဆုံး အားကစားလေ့ကျင့်ခြင်းများအကြောင်း၊ “ကျန်းမာခြင်းနှင့် ကြံ့ခိုင်ခြင်းဆိုတာဘာလဲ”၊ အားကစားလုပ်ခြင်းဖြင့် ရရှိလာသော အကျိုးကျေးဇူးများ စသည့် အကြောင်းအရာများကို အပြန်အလှန် အကျယ်တဝင့် ဆွေးနွေးသွားကြကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အသိပညာပေးဆွေးနွေးပွဲ (Talk Show)များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါ အသိပညာပေးဆွေးနွေးပွဲ (Talk Show)များကို We Love Kutkai Facebook Page တွင် လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ချစ်မျိုးဦး (ကွတ်ခိုင်)