ပုဗ္ဗသီရိ ဇွန် ၈
ပုဗ္ဗသီရိမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း မြေကွက်လပ်များ၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ် လက်အောက်ရှိ ပုဗ္ဗသီရိတပ်နယ်မှ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးအောင်အောင်နှင့် တပ်ရင်းတပ်နယ်မှ အရာရှိစစ်သည်ရဲမေများ၊ ကျောင်းအုပ် ဆရာမကြီးဒေါ်သိန်းသိန်းအေးနှင့် ဆရာ၊ ဆရာမများ၊ ရွာတော်အုပ်ချူပ်ရေးမှူးဦးတူးနှင့်အဖွဲ့များက ကျောင်းဝန်းအတွင်းနှစ်ရှည်ပင်၊ အရိပ်ရပင်များဖြစ်သည့် မဟော်ဂနီနှင့် ကျွန်းပင်စုစုပေါင်းအပင် ၃၀၀ ခန့် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သန္တာလင်း(ပုဗ္ဗသီရိ)