သပိတ်ကျင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်(၁)လုံးပျက်စီးပြီး (၁)လုံး တောင်ကျရေနှင့်အတူ မျောပါ

သပိတ်ကျင်း    ဇွန် ၈

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်(၁)လုံး ပျက်စီးခဲ့ပြီး (၁) လုံးမှာ တောင်ကျရေနှင့်အတူ မျောပါသွားကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ်တွင် ယမန်နေ့ ညနေ ၃ နာရီခွဲခန့်က မိုးသည်ထန်စွာ ရွာသွန်းမှုပြီး တောင်ကျရေများ ကျဆင်းလာမှုကြောင့် ကျောက်ဖြူကျေးရွာအုပ်စု၊ တောင်လယ်ကျေးရွာရှိ လူနေအိမ် (၁) လုံးပျက်စီခဲ့ပြီး (၁) လုံးမှာ တောင်ကျရေနှင့်အတူ မျောပါသွားခဲ့ရာ ဘေးသင့်ခဲ့သည့် မိသားစုများ နေထိုင်ရေး အဆင်ပြေစေရန်အတွက် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူနှင့်တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

စိုးနိုင်ဝင်း(ပြန်/ဆက်)