မိုးနဲမြို့နယ်၌ နားလင်းဘုန်းတော်ကြီးကျောင်းသို့ ဌာနစုပေါင်းလှူဒါန်းငွေများ ထောက်ပံ့ပေးအပ်

မိုးနဲ ဇွန် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နားလင်းဘုန်းတော်ကြီးကျောင်းတိုက် ကျောင်းဆောင်သစ်ဆောက်လုပ်ရာတွင် အသုံးပြုရန်အတွက်  ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးစီးမှုဖြင့် ဌာနစုပေါင်း လှူဒါန်းငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းခြင်းကို လစဥ်ဆောင်ရွက်လျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၏ကြီးကြပ်မှုဖြင့် မြို့နယ် သာသနာရေးဦးစီးဌာနမှ ဦးစီး၍ ဌာနဆိုင်ရာများထံမှ အလှူငွေများလက်ခံပေးခဲ့ပြီးလစဥ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ထောက်ပံ့ပေးအပ်လျက်ရှိရာ ယနေ့တွင် နားလင်းဘုန်းတော်ကြီးကျောင်းတိုက် ကျောင်းဆောင်သစ် ဆောက်လုပ်လျက်ရှိရာ လိုအပ်သည့်နေရာမှ အသုံးပြုနိုင်ရန် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဌာနစုပေါင်းလှူဒါန်းငွေ စုစုပေါင်းကျပ် ၄၆၉၀၀၀ တိတိကို ထောက်ပံ့ပေးအပ်ခဲ့ရာ ဝိဇ္ဇာရိယဘုန်းတော်ကြီးကျောင်းတိုက်ကျောင်းထိုင် မြို့နယ်သြဝါဒစရိယဆရာတော် ဘဒ္ဒန္တမာယိန္ဒမှ လက်ခံရယူပေးခဲ့ကြောင်း သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)