ပန်းတနော် ဇွန် ၈
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှဖွင့်လှစ်သည့် (Gender,CEDAW,NSPAW) အသိပညာပေးသင်တန်းကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်ယမင်းသူက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး သင်တန်းတွင် အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃- ၂၀၂၃)၊ ကျား/ မ ရေးရာ Gender အခြေခံသဘောတရားများ စသည့်အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ပြီး သိရှိလိုသည်များမေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော် (ပြန်/ဆက်)