စုကလိ ဇွန် ၈
အမျိုးသမီးများအကြမ်းဖက်ခံရမှုပုံစံအမျိုးမျိုးအကြောင်း၊ အကြမ်းဖက်ခံရမှုဆိုသည်မှာ ဘာလဲ၊ အမျိုးသမီးများအနေဖြင့် အကြမ်းဖက်ခံရမှု ဖြစ်ပေါ်လာပါက ရင်ဆိုင်နိုင်တတ်စေရန် ရည်ရွယ်ချက်များဖြင့် ယနေ့နံနက်ပိုင်းအချိန်က မြို့ပြည်သူ့စာကြည့်တိုက် Community centre တွင် အမျိုးသမီးအကြမ်းဖက်မှုပပျောက်ဖို့ ဝိုင်းဝန်းကူညီဆောင်ရွက်စို့ ခေါင်းစဥ်ဖြင့် နံရံကပ်ပြဘုတ် ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးနံရံကပ်ပြဘုတ်တွင် အကြမ်းဖက်ခံရမှုများထဲတွင် အမျိုးသမီးများအား ရိုက်နှက်ခြင်း၊ ဒဏ်ရာရအောင်လုပ်ခြင်းများသည် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပင်ဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ မလျော်မကန်ပြုလုပ်ခြင်း ဖြစ်မြောက်အောင် ကြံစည်အားထုတ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော အကြမ်းဖက်ခံရမှုဖြစ်ကြောင်း၊ အမျိုးသမီးများအားချုပ်ချယ်ခြင်း၊ တားဆီးခြင်း၊ အခွင့်အရေးများကို အသိအမှတ်မပြုဘဲ ထိန်းချုပ်ထားခြင်းများသည် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများ၊ အကြမ်းဖက်မှုဟူသည် အမျိုးသမီးများအပေါ်တွင် အများဆုံးဖြစ်ပေါ် လျက်ရှိပြီးရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ အန္တရာယ်ကျရောက်စေနိုင်သော မည်သည့်အကြမ်းဖက်မှုမျိုးကိုမဆို ရည်ညွှန်းခြင်းဖြစ်သည်။အကြမ်းဖက်မှုကို မိသားစုအတွင်းဖြစ်ပေါ်စေသည့် အကြမ်းဖက်မှုနှင့် လူမှုအသိုက်အဝန်းကြားတွင် ဖြစ်ပေါ်စေသည့် အကြမ်းဖက်မှုဟူ၍ ခွဲခြားသိရှိနိုင်စေရန်နှင့် အကြမ်းဖက်ခံရမှု ဖြစ်ပေါ်လာပါက ဆက်သွယ်ဆောင်ရွက်နိုင်မည့် ဖုန်းနံပါတ်များနှင့် အများပြည်သူများ စိတ်ဝင်တစားလေ့လာနိုင်စေရန် ကာတွန်းများ ပိုစ်စတာများဖြင့် ဝေဝေဆာဆာပြသပေးထားသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနစုကလိမြို့ရုံးမှ နံရံကပ်ပြဘုတ် ပြသဆောင်ရွက်ခြင်းအား တစ်လလျှင်နှစ်ကြိမ်ခန့် ပြသဆောင်ရွက်ထားကြောင်း သိရသည်။
ပိုပိုအောင်