ငွေဆောင်မြို့ ပေါ်ရပ်ကွက်များအတွင်း ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းနှင့် အဘိတ် (Abate) ဆေးခတ်ခြင်း လုပ်ငန်းများဆောင်ရွက်

ငွေဆောင် ဇွန် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ယနေ့ နံနက် (၁၀) နာရီအချိန်က မြို့ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတစ်ဦးနှင့် သက်ဆိုင်ရာရပ်/ကျေး အုပ်ချုပ်ရေးများ စုပေါင်းကာ မြို့ပေါ်ရပ်ကွက်များအတွင်း ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အဘိတ် Abate ဆေးခတ်ခြင်းတို့အား ဆောင်ရွက်ခဲ့ကြသည်။

မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော် အပါအဝင် မြို့ဌာနဆိုင်ရာများ၊ ကျေးလက်ကျန်းမာရေးဆရာမ () ဦး၊ ကြက်ခြေနီဝန်ထမ်း() ဦးနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူး များမှ ရှေးဦးစွာ အမှတ်() ရပ်ကွက်၊ အ..က(၁၂၇) ဇီးမော်စာသင်ကျောင်း ကိုက်(၁၀၀) အတွင်းရှိ နေအိမ်များနှင့် မူကြို ကျောင်း()ကျောင်းတို့တွင် ခြင်များ ပေါက်ဖွားမှုမရှိစေရန်အတွက် ရေတင်ရှိနေသော အိုးခွက်များ၊ ကားတာယာကွင်းများ၊ ရေပုံး၊ ရေခွက်များအား ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ကာ ရေထည့်သုံးရာ ရေပုံးများ၊ စည်ပိုင်းများ၊ ရေကန်များ၊ ရေစည်ပိုင်းများတို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေး အဘိတ် Abate ဆေးခတ်ကြသည်။ ထို့နောက် အမှတ်() ရပ်ကွက်၊() လမ်းရှိ Glory မူကြိုကျောင်းသို့ သွားရောက်ကာ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ် Abate ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

R – 014( ငွေဆောင်)