ငွေဆောင် ဇွန် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ သဇင်ကျေးရွာအုပ်စု၊ မူလွန်(ရွှေဖား)ကျောင်းတွင် မြန်မာ့သစ်လုပ်ငန်း EFRU မှ ဆင်ဆရာဝန် ဦးလင်းလင်းထွန်းနှင့် GBP(NGO)အဖွဲ့မှ ဦးစည်သူ ဦးဆောင်သော (၄) ဦးအဖွဲ့မှ ဆင်နှင့် ပတ်သက်၍ အသိပညာပေး ပြောကြားခြင်းအား ယမန်နေ့ နေ့လယ်(၁) နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
ငွေဆောင်မြို့၊ သဇင်ကျေးရွာအုပ်စု၊ မူလွန်(ရွှေဖား) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများအား မြန်မာ့သစ်လုပ်ငန်း EFRU မှ ဆင်ဆရာဝန် ဦးလင်းလင်းထွန်းနှင့် GBP(NGO)အဖွဲ့မှ ဦးစည်သူဦးဆောင်သော (၄) ဦးအဖွဲ့မှ ဆင်နှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ တောဆင်နှင့် တွေ့ပါက ဆောင်ရန်/ ရှောင်ရန် အချက်များ ဟောပြောခြင်း၊ လျှပ်စစ်ခြံစည်းရိုးအကြောင်း အသိပညာပေးခြင်း စသည်တို့ကိုဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
R – O14( ငွေဆောင်)