တိုက်ကြီး ဇွန် ၈
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်သစ်တောဉီးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို တိုက်ကြီးမြို့နယ် သနပ်ချောင်းကျေးရွာ မဟာဗောဓိဘုရားငါးဆူ သာသနာ့ရိပ်သာ၌ ယနေ့နံနက် ၈ နာရီက ကျင်းပသည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးမြဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တော ဉီးစီးဌာန ဉီးစီးအရာရှိ ဉီးချမ်းသာမြင့်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာနေ ပြည်သူများတက်ရောက်ကြပြီး အမြင့် ၂ ပေ နှင့်အထက်ရှိ ကျွန်းပင် (၁၀၀) ပင်၊ ပျဉ်းကတိုး(၁၀၀)ပင်၊ ပိတောက်(၁၀၀)ပင်၊ မဟော်ဂနီ (၅၀)ပင်နှင့် မန်ဂျန်းရှား(၆၅၀)ပင် စုစုပေါင်း ပျိုးပင် (၁၀၀၀)ကို စုပေါင်းစိုက်ပျိုးကြသည်။
တိုက်ကြီးမြို့နယ် သစ်တောဉီးစီးဌာနမှ ၂၀၂၃ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးရန်အတွက် ကျွန်း (၄၀၀၀) ပင်၊ ပျဉ်းကတိုး (၇၀၀၀) ပင်၊ ပိတောက် (၂၀၀၀)ပင်၊ ပျဉ်းမ (၃၀၀၀) ပင်၊ မဟော်ဂနီ (၄၀၀၀) ပင်၊ မန်ဂျန်းရှား (၄၉၀၀၀)ပင်၊ ခရေ (၅၀၀) ပင်၊ ကံ့ကော် ( ၅၀၀) ပင် စုစုပေါင်း ပျိုးပင်ပေါင်း (၇၀၀၀၀)အား လသာကုန်းပျိုးဉယာဉ်၊ ဇီးပင်ဆိပ်ပျိုးဉယျာဉ်နှင့် ဖလုံပျိုး ဉယျာဉ်များတွင် ပျိုးထောင်ထားရှိပြီး ပြည်သူများ စိုက်ပျိုးနိုင်ရန် အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စန်းကလျာခိုင်