ရေနံချောင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးရှင် နှစ်ဦးထွက်ပေါ်

ရေနံချောင်း ဇွန် ၉

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက မြို့နယ်ပညာရေးမှူးရုံးရှေ့နှင့် အ..က()ကျောင်းတို့တွင် ကပ်ထားကြေညာခဲ့ရာ ခြောက်ဘာသာဂုဏ်ထူးရှင် ၂ ဦး ထွက်ပေါ်ခဲ့ပြီး စုစုပေါင်း ဂုဏ်ထူးရကျောင်းသားကျောင်းသူ ၂၁၀ ဦးရှိကြောင်းနှင့် တစ်မြို့နယ်လုံး အောင်ချက်ရာခိုင်နှုန်း ၇၆ ဒဿမ ၄၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လက အ..က()စာစစ်ဌာနတွင် ကျင်းပခဲ့ရာ ဝင်ရောက်ဖြေဆိုသူ ၇၁၂ ဦးအနက် အောင်မြင်သူ ကျောင်းသား ၂၂၃ ဦးနှင့် ကျောင်းသူ ၃၂၁ ဦး စုစုပေါင်း ၅၄၄ ဦး ဖြေဆိုအောင်မြင်ခဲ့ပြီး တစ်ဘာသာဂုဏ်ထူးရှင် ၁၃၅ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၃၂ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၂၅ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၁၀ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၆ ဦးနှင့် ခြောက်ဘာသာ ဂုဏ်ထူးရှင် ၂ ဦး စုစုပေါင်းဂုဏ်ထူးရကျောင်းသားကျောင်းသူ ၂၁၀ ဦးရှိကြောင်း အောင်ချက်ရာခိုင်နှုန်းအနေဖြင့် ၇၆ ဒဿမ ၄၀ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)