လှည်းကူး ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး ၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၄ နာရီကအခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန(၇)နှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းသားကျောင်းသူစုစုပေါင်း ၆၂၃ ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့နယ်တွင် စာစစ်ဌာန(၇)ခု၌ ဖြေဆိုသူကျောင်းသား/ကျောင်းသူ စုစုပေါင်း ၁၁၀၅ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၆၂၃ ဦးဖြေဆိုအောင်မြင်ပြီး အောင်မြင်မှုရာခိုင်နှုန်း ၆၂.၃၈ ရာခိုင်နှုန်း ရှိကြောင်းသိရသည်။ ဂုဏ်ထူးရရှိမှုအခြေအနေမှာ (၆)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၄)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၅)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၁၆)ဦး ၊ (၂) ဘာသာဂုဏ်ထူးရှင် ၂၉ ဦးနှင့် (၁)ဘာသာဂုဏ်ထူးရှင် ၁၃၉ ဦးရှိပြီး ဂုဏ်ထူးရရှိသည့်ဘာသာများမှာ မြန်မာ ၊ အင်္ဂလိပ် ၊သင်္ချာ ၊ဓာတုဗေဒ ၊ ရူပဗေဒ ၊ ဇီဝဗေဒနှင့် ဘောဂဗေဒ၊ ပထဝီဝင်နှင့် သမိုင်းဘာသာရပ်တို့ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)