ကရသူရိ ဇွန် ၈
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်း သား/သူများအား ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့ ညနေ၃နာရီက ပြသခဲ့ကြောင်း သိရသည်။
ကျောင်းသား/သူများ ကျောင်းစာများသာမက ပြင်ပဗဟုသုတများရရှိပြီး မိမိတို့ဘဝတိုးတက် အောင်မြင်ရေးနှင့် ဝေဖန်ပိုင်းခြားဆောင်ရွက်နိုင်ရေးပြသခြင်းဖြစ်ရာ ထိုပြဘုတ်၌ ကလေးအလုပ် သမားသည် တရားမဝင်ပါ၊ ဘေးအန္တရာယ်ကျရောက်နေသော ကလေးအလုပ်သမား၊ ကလေး အလုပ်သမားဟူသည်အဘယ်နည်း၊ အပြည်ပြည်ဆိုင်ရာပြဋ္ဌာန်းချက်များ၊ ပါဝင်ပတ်သက်သူများ၏ တုံပြန်ချက်များ၊ ကလေးအလုပ်သမားများအရွယ်မတိုင်ခင် လုပ်ငန်းခွင်အတွင်းရောက်ရှိလာရသည့်အချက်၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် နိုင်ငံတော်အနေဖြင့် ဆောင်ရွက်နေမှု အခြေအနေ စသည့်အချက်အလက်တို့ကိုလည်းကောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးစာစောင်တို့ကို လည်းကောင်းပြသခဲ့ရာအဆိုပါ ပြပွဲသို့အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်း/ အထက်တန်းအဆင့် ကျောင်းသား/သူ(၂၀)ဦးမှ လေ့လာကြည့်ရှုခဲ့ ကြောင်းသိရသည်။
ကရသူရိ(ပြန်/ဆက်)