ကသာမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း ထုတ်ပြန် ကြေညာ

ကသာ  ဇွန် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်ပညာရေးမှူးရုံး၊ အ.ထ.က(၁)ကျောင်းနှင့် အ.ထ.က(၂) ကျောင်းတို့တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင် စာရင်းကို ဇွန်လ(၉)ရက်နေ့၊ နံနက်(၅)နာရီ အချိန်မှစ၍ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

ကသာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာဖြေဌာန(၂)ခုဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ(၆၄၄)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၄၈၅)ဦး ဖြေဆိုအောင်မြင်ကြောင်း၊ ‌အောင်ချက်ရာခိုင်နှုန်းအနေဖြင့် (၇၅.၃၁) ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ပညာရေးဌာနအနေဖြင့် ကသာခရိုင်တွင် မြို့နယ်(၄)မြို့နယ် ပါဝင်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုရန်စာရင်းပေးသွင်းသူ (၁၃၈၃)ဦး၊ ဖြေဆိုသူ(၁၁၈၉)ဦး၊ အောင်မြင်သူ(၈၈၈)ဦးရှိပြီး ခရိုင်ချုပ်အောင်ချက်ရာခိုင်နှုန်းမှာ (၇၄.၆၈) ရာခိုင်နှုန်းရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရှိရသည်။

ကျော်စွာ(ကသာ)