ဗိုလ်တထောင် ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လည် ၂ နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများဖြင့် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးအောင်လွင်မှ အဖွင့်အမှာစကားပြောကြားပြီး ဒုတိယခရိုင်စီမံအုပ်ချုပ်ရေးမှူးမှ ယခင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ ပြီးစီး သွားသော လုပ်ငန်းများအားတင်ပြပြီး တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ ဆွေးနွေးပြောကြားကာ တက်ရောက်လာသော ဌာနဆိုင်ရာများမှ အထွေထွေဆွေးနွေးခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ လိုအပ်သည်များကို ဆွေးနွေးမှာစကားပြောကြားပြီး အစည်း အဝေးကျင်းပပြီးစီးကြောင်း သိရသည်။
မြတ်သူ(ပြန်/ဆက်)