မြန်အောင် ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့မနေခြည်ဈေးရှေ့တွင် ယနေ့နံနက်က e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များကောက်ယူ မှတ်ပုံတင် ခြင်းလုပ်ငန်းဆိုင်ရာ "e-ID စနစ်ဆောင်ရွက်လို့ လူမှုစီးပွားမြှင့်တင်စို့"အသိပညာ ပေးလက်ကမ်းစာစောင်များကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရန် ဖြန် ဝေပေးခဲ့ကြသည်။
အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်များဖြန်ဝေခြင်းကို ဒုမြို့နယ်အုပ်ချုပ် ရေးမှူး ဦးဇော်ထက်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးတင်မောင်မြင့် နှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များက ပြည်သူများအားဖြန့်ဝေ ပေးခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ်မှတ်ပုံ တင်ဦးစီးဌာနမှဖြန့်ဝေ သည့်လက်ကမ်းစာစောင် တွင် e- ID စနစ်အကြောင်း၊ e- ID စနစ် အကောင်အထည် ဖော်ဆောင်ရွက်မည့် အဆင့်(၅)ဆင့်၊ e-ID စနစ် ၏အဓိကရည်ရွယ်ချက် စသည့်အချက်များ၊ UID(Unique Identity) နံပါတ် အကြောင်းနှင့် UIDကို ဘယ်လိုလူမျိုး တွေကိုထုတ်ပေးမှာလဲ စသည့်အချက်များ ပါဝင်ကြောင်းသိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)