ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်

ဒဂုံဆိပ်ကမ်း ဇွန် ၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများထုတ်ပြန်ခြင်းကို ယနေ့နံနက်(၆)နာရီက မြို့နယ်ပညာရေးမှူးရုံးနှင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ထုတ်ပြန်ထားရှိရာ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများကလာရောက်ကြည့်ရှုကြကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၊ ဖြေဆိုသူပေါင်း(၄၈၆)ဦး၊ အောင်မြင်သူကျား(၁၁၄)ဦး၊ မ(၁၈၀)ဦး၊ စုစုပေါင်း(၂၉၄)ဦးရှိပြီး (၆၁.၇၆)ရာခိုင်နှုန်း အောင်မြင်ကြောင်းသိရသည်။ အောင်မြင်သူများတွင် ဂုဏ်ထူးရရှိသူများ (၅)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၈)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၁၁)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၁၇)ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင်(၅၃ )ဦးရှိပြီး စုစုပေါင်းဂုဏ်ထူးရှင် (၉၁)ဦးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာရာ၌ လာရောက်ကြည့်ရှုသူများအဆင်ပြေကြည့်ရှုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာစာစစ်ဌာနမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အေးမဥ္ဇူ