၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ညောင်ရွှေမြို့နယ်မှ အောင်မြင်သူ(၆၀၅)ဦး ရာခိုင်နှုန်းအားဖြင့် (၆၄.၇၈)ရာခိုင်နှုန်းရှိ

ညောင်ရွှေ ဇွန် ၉

၂၀၂၃-ခုနှစ် မတ်လအတွင်း ကျင်းပပြုလုပ်ခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲကို ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်မှ စာစစ်ဌာန(၉)ခုတွင် ကျောင်းသားကျောင်းသူပေါင်း(၉၉၄)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ဇွန်(၉)ရက်နေ့တွင် ထုတ်ပြန်သည့်အောင်စာရင်းအရ  ဖြေဆိုအောင်မြင်သူပေါင်း (၆၀၅)ဦးရှိ၍ ရာခိုင်နှုန်းအားဖြင့် (၆၄.၇၈)ရာခိုင်နှုန်းရှိကြောင်း သိရှိရသည်။

အဆိုပါ အောင်မြင်ကြသူများတွင် ၅ ဘာသာဂုဏ်ထူးရှင်(၄)ဦး၊ ၄ ဘာသာဂုဏ်ထူးရှင်(၇)ဦး၊ ၃ဘာသာဂုဏ်ထူးရှင် (၁၈)ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် (၃၉)ဦးနှင့် ၁ဘာသာဂုဏ်ထူးရှင်(၁၄၈)ဦး စုစုပေါင်း ဂုဏ်ထူးရရှိသူကျောင်းသားကျောင်းသူပေါင်း (၂၁၆)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

စိုင်အယ်ဘဲ