ကျောက်တော်မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်ကြေညာ
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများကို မြို့နယ်အတွင်းရှိစာစစ်ဌာနများနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ဇွန်လ ၉ ရက်နေ့ ယနေ့နံနက်ပိုင်းက ထုတ်ပြန် ကြေညာရာ ကျောင်းသား၊ ကျောင်းသူများနှင့်ကျောင်းသားမိဘများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။