ဗိုလ်တထောင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက်(၄)နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးနှင့် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ထုတ်ပြန်ထားရှိရာ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများလာရောက်ကြည့်ရှုကြကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နှင်းရေး မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲကျင်းပ

ရေကြည်ရေသန့်တွင် ပေါက်ပွားသည့် ခြင်ကျားကိုက်ခြင်းဖြင့် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နှင်းနိုင်ရန် ပြည်သူလူထုသို့ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်က မင်းပြားမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဓနုဖြူမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာ၊ ပြည်လုံးချမ်းသာ၊ ကပ်ကျော်အေးစေတီတော်ဘုရားတန်ဆောင်းအတွင်းတွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ပုသိမ်မြို့တွင် တစ်ဧကလျှင်(၁၀)တင်းနှုန်းတိုးတက်ရေးအတွက် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဖြစ်သည့် ထုံးထည့်သွင်းခြင်းအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် တစ်ဧကလျှင်(၁၀)တင်းနှုန်းတိုးတက်ရေးအတွက် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဖြစ်သည့် ထုံးထည့်သွင်းခြင်းအခမ်းအနားကို ကြောင်ပန်းကုန်းကျေးရွာ အုပ်စုတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားသို့တက်ရောက်

မွန်ပြည်နယ် မော်လမြိုင်မြို့တွင်၂၀၂၃ ခုနှစ် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ Top ဖူဆယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာချုပ် တိုင်းမှူးဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်အစိုးရ အဖွဲ့၀င်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ကာကွယ်တား ဆီး ကုသရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ တက်ရောက်

မွန်ပြည်နယ်အတွင်း  သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ကာကွယ်တားဆီး ကုသရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ဇွန် ၉ နေ့လည် ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဆောင်ဆန်းခန်းမ၌ ပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊  ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ်အုပ်ချုပ် ရေးမှူးများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၊ ခမောက်ကြီးစာစစ်ဌာနအနေဖြင့် အောင်ချက်(၃၈.၄၆) ရာခိုင်နှုန်းရှိ

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယမန်နေ့နံနက်မှစတင်၍ ထုတ်ပြန်လျက်ရှိရာ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်းရှိ သက်ဆိုင်ရာစာစစ်ဌာနများတွင် ကပ်ထားကြေညာလျက်ရှိရာ ခမောက်ကြီးစာစစ်ဌာနတွင် ဖြေဆိုသူ(၂၆)ဦးတွင် (၁၀)ဦး အောင်မြင်၍ အောင်ချက်ရာခိုင်နှုန်း (၃၈.၄၆) ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာနများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများထုတ်ပြန်

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ယနေ့ နံနက်ပိုင်းက သက်ဆိုင်ရာစာစစ်ဌာနများတွင် ထုတ်ပြန်ကပ် ထားကြေညာခဲ့ပြီး စာစစ်ဌာန(၂၀၇)ခုတွင် ဝင်ရောက်ဖြေဆိုသူ(၂၀၀၅၉)ဦးရှိရာ အောင်မြင်သူဦးရေ (၁၃၆၃၀)ဦး ရှိပြီး အောင်ချက်ရာနှုန်း (၆၇.၉၅%) ဖြေဆို အောင်မြင်ကြောင်း သိရသည်။

အင်္ဂပူမြို့တွင် မြန်အောင်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ပြည်သူများအား စားသုံးဆီများ ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေး

ဧရာဝတီတိုင်း‌‌ဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယနေ့နံနက်ပိုင်းက မြန်အောင်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ပြည်သူများအား စားသုံးဆီများကို ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချ‌ပေးခဲ့သည်။

သာပေါင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများ အခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ခြင်‌ဆေးဖျန်းခြင်းများဆောင်ရွက်လျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများ ခြင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများဘေးမှ ကြိုတင်ကာကွယ် တားဆီးနိုင်စေ ရေးရန်အတွက် ဇွန်လ ၈ ရက်နေ့က စတင်၍ အခြေခံပညာကျောင်းများအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်‌ဆေးဖျန်းခြင်း များဆောင်ရွက် လျက်ရှိသည်။
Subscribe to