ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို  ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘားအံမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြင့်မားပြီး စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် (Mobile Library) မော်တော်ယာဉ်ဖြင့် ဘားအံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းများ၊ အခြေခံပညာကျောင်းများအရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဒေးဒရဲမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ  အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ခြင်းကို ယနေ့နံနက်(၁၀)နာရီက နောက်ပြန်တိုး​ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၌ မျိုးကောင်းမျိုးသန့် တိရစ္ဆာန်(ဝက်နှင့်ဆိတ်)ထောက်ပံ့ပေးအပ်

ကိုဗစ်-၁၉ ရောဂါအလွန် မွေးမြူ‌ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေ‌ရေးအတွက် မွေးမြူ‌ရေးနှင့်ကုသ‌ရေးဦးစီးဌာနမှ မွေးမြူ‌ရေးလုပ် ငန်းများ လုပ်ကိုင်လျက်ရှိသည့် ဒေသခံပြည်သူများအား မျိုးကောင်းမျိုးသန့် တိရစ္ဆာန်(ဝက်နှင့်ဆိတ်)များအား ထောက်ပံ့ပေးအပ်လျက်ရှိရာ ယနေ့နံနက် ၁၀နာရီအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီး မြို့နယ် အမှတ် (၆) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၂ ခုနှစ်၊ (၁၀၂)နှစ်​မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်လူရွယ်များအနေဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်ချက်ဖြင့် ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးနှင့် ဝန်ထမ်းများက ဦးစီးဌာနက ထုတ်ဝေသည့်  အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များကို အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေ ပေးခဲ့သည်။

မြောက်ဦးမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်း

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနနှင့် မိုးစပါးရိတ်သိမ်းရေးအဖွဲ့တို့ပူးပေါင်း၍ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို မြောက်ဦးမြို့နယ်၊ တင်းထိန်ကန်ကျေးရွာ၊ ရန်မတွေ့အနောက်ကွင်း၌ ယနေ့ မိုးစပါးစံကွက် ရိပ်သိမ်းခဲ့ကြောင်း သိရသည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် လူထုအ​ခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အမျိုးသား​အောင်ပွဲအ​ကြောင်း သိ​ကောင်းစရာ များ အသိပညာပေး​(Talk Show)ဆောင်ရွက်

ရန်ကုန်တိုင်း​ဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ မွန်းလွဲပိုင်းက အမျိုးသား​အောင်ပွဲအ​ကြောင်း သိ​ကောင်းစရာများကို Talk Show အစီအစဉ်ပြုလုပ်၍ အသိပညာပေး​​ဆွေး​နွေး​ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်​ပေးနေမှုများကို အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့်အဖွဲ့ လာ​ရောက်ကြည့်ရှု့အားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မ​တော်​ဆေးအဖွဲ့​ခေါင်း​ဆောင် ဒုတိယဗိုလ်မှူးကြီးခွန်​ဇော် ​ဦး​ဆောင်သည့် တပ်ဖွဲ့ဝင်များသည်၊ တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)ဖြင့် ယမန်နေ့ နနက်  (၁၀)   နာရီတွင်   ငပုတောမြို့သို့ ​ရောက်ရှိခဲ့ပြီး ငပု​တောမြို့  ပြည်သူ့​ဆေးရုံဝန်းအတွင်းရှိ သံဃာ​ဆောင်တွင်  ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ​ဆောင်ရွက်​ပေးလျက်ရှိရာ  အ​နောက်​တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှုး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှု အား​ပေးခဲ့ကြသည်။
Subscribe to