ကျောက်တော် ဇွန် ၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများကို မြို့နယ်အတွင်းရှိစာစစ်ဌာနများနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ဇွန်လ ၉ ရက်နေ့ ယနေ့နံနက်ပိုင်းက ထုတ်ပြန် ကြေညာရာ ကျောင်းသား၊ ကျောင်းသူများနှင့်ကျောင်းသားမိဘများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
ကျောက်တော်မြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲများကို အထက(၁)စာစစ်ဌာန၊အထကမြို့မစာစစ်ဌာန နှင့်အထကရှမ်းရွာ (၃)ခုတို့တွင် ဝင်ရောက် ဖြေဆိုသူ (၁၉၈၁)ဦးဝင်ရောက်ဖြေဆိုခဲ့ရာ အောင်ချက်ရာခိုင်နှုန်း ၆၂ ဒသမ ၉၂ ရာခိုင်နှုန်းဖြင့် စုစုပေါင်း အောင်မြင်သူ(၁၁၅၄ )ဦး အောင်မြင်ခဲ့ပြီး တစ်ဘာသာဂုဏ်ထူးရှင် (၁၉)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၂၂၉)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၂၈၃)ဦးနှင့် ရိုးရိုးအောင် (၆၁၃)ဦးတို့ဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခင်မောင်ထွန်း