ကလိန်အောင် ဇွန် ၉
၂၀၂၃ ခုနှစ်၊ မတ်လ(၈)ရက်နေ့မှစ၍ ကျင်းပခဲ့သည့် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို ဇွန်လ (၉) ရက်နေ့၊ နံနက်(၆)နာရီအချိန်မှစ၍ မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင်ထုတ်ပြန်ကြေငြာသကဲ့သို့ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင်အထက- ကလိန်အောင်ကျောင်းစာစစ်ဌာန (၁)ခုတွင်ကြော်ငြာသင် ပုန်းများတွင်လည်း ကပ်ထားကြေညာပေးထားရာ ကျောင်းသား/သူများ၊ မိဘအုပ်ထိန်းသူများ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
ကလိန်အောင်မြို့တွင် စာစစ်ဌာနတစ်ခုရှိပြီး ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေသူ အ-ထ-က၊ ကလိန်အောင်မြို့ စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၈)ဦးနှင့် ကျောင်းသူ(၁၈)ဦးစုစုပေါင်း (၂၆)ဦးဖြေဆိုရာ (၁ဝ)ဦးအောင်မြင်ပြီး တစ်ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ ရာခိုင်နှုန်းအားဖြင့်(၃၈.၄၆%)ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)