ကော့ကရိတ်မြို့နယ်တွင် တက္ကသိုလ်ဝင် အောင်စာရင်းများကို သက်ဆိုင်ရာ စာစစ်ဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ထုတ်ပြန်ကြေညာထား

ကော့ကရိတ် ဇွန် ၉

ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ၂၀၂၂-‌၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် စာရင်းများကို မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ဇွန်လ(၉)ရက်နေ့၌ ထုတ်ပြန်ကြေငြာပေးလျက်ရှိရာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်  တက္ကသိုလ်ဝင်အောင်စာရင်းများကို ယနေ့နံနက်ပိုင်းမှစ၍ သတ်မှတ်ထားသောနေရာတို့တွင် ကြေညာထားလျက်ရှိကြောင်း သိရှိရသည်။

 အဆိုပါ တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို မြို့နယ်ပညာရေးမှူးရုံး၊ အထက(၁)ကော့ကရိတ်တို့၌ ကြေငြာထား လျက်ရှိရာ ကျောင်းသား၊ကျောင်းသူများနှင့် ကျောင်းသား မိဘများက အေးချမ်းစွာ လာရောက်ကြည့်ရှုကြကြောင်းသိရသည်။

ကော့ကရိတ်မြို့နယ်အတွင်းတွင် ၂၀၂၂-‌၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆို စာရင်း ရှိ(၃၆၃)ဦးရှိပြီး ကျောင်းတက်ဖြေဆိုသူ (၄၇)ဦး၊ ပြင်ပမှဖြေဆိုသူ(၂၆၂)ဦး စုစုပေါင်း(၃၀၉)ဦးဖြေဆိုခဲ့ရာ ကျောင်းမှဖြေဆိုသူ(၃၀)ဦး၊ ပြင်ပမှဖြေဆိုသူ (၁၆၀)ဦး၊ စုစုပေါင်း(၁၉၀)ဦး အောင်မြင်ခဲ့ကြောင်းခဲ့ကြောင်း သိရသည်။

ထိုအောင်မြင်သူများထဲမှ တစ်ဘာသာဂုဏ်ထူးရရှိသူ(၄၃)ဦး၊ နှစ်ဘာသာဂုဏ်ထူးရရှိသူ(၁၃)ဦး၊ သုံးဘာသာ ဂုဏ် ထူးရရှိသူ(၂)ဦး၊ လေးဘာသာဂုဏ်ထူးရှင်(၁)ဦး၊ ငါးဘာသာဂုဏ်ထူးရှင်(၁)ဦး၊ စုစုပေါင်းဂုဏ်ထူးရရှိသူ(၆၀)ဦး၊ ရိုးရိုးအောင်(၁၃၀)ဦး၊ စုစုပေါင်းအောင်မြင်သူ (၁၉၀)ဦး အောင်ချက်ရာခိုင်နှုန်း (၆၁.၄၉)ရာခိုင်နှုန်း ရရှိကြောင်း မြို့နယ်ပညာရေးမှုးရုံးမှ သိရှိရသည်။

ခင်မျိုးဝင်း (ပြန်/ဆက်)