ကျောက်ဆည် ဇွန် ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဇွန်(၉)ရက်နံနက်(၆)နာရီက ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ထုတ်ပြန်ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျောင်းတွင်ဖြေဆိုသူ(၄၆)ဦး၊ အောင်မြင်သူ(၄၀)ဦး၊ အလွတ်ဖြေဆိုသူ(၉၈၄)ဦး၊ အောင်မြင်သူ(၆၄၈)ဦးရှိကြောင်းနှင့် (၆)ဘာသာဂုဏ်ထူး ရရှိသူ(၆)ဦး၊ (၅)ဘာသာဂုဏ်ထူးရရှိသူ(၅)ဦး၊ (၄)ဘာသာဂုဏ်ထူးရရှိသူ(၄)ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ (၂၆)ဦး၊ (၂)ဘာသာဂုဏ်ထူးရရှိသူ(၄၃)ဦး၊ (၁)ဘာသာဂုဏ်ထူးရရှိသူ(၁၁၈)ဦးနှင့် ရိုးရိုးအောင်မြင်သူ(၄၈၅)ဦး ဖြစ်ပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၆၆.၈၀ ရာခိုင်နှုန်း ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ (၁၀၃၀)ဦး ဖြေဆိုခဲ့ပြီး အောင်မြင်သူ(၆၈၈)ဦး၊ ဂုဏ်ထူးရရှိသူ(၂၀၂)ဦး၊ စဉ့်ကိုင်မြို့နယ်တွင် ဖြေဆိုသူ(၆၄၇)ဦး၊ အောင်မြင်သူ(၅၀၉)ဦး၊ ဂုဏ်ထူးရရှိသူ(၂၁၉)ဦး၊ မြစ်သားမြို့နယ်တွင် ဖြေဆိုသူ(၆၇၁)ဦး၊ အောင်မြင်သူ(၄၂၅)ဦး၊ ဂုဏ်ထူးရရှိသူ(၁၇၄)ဦးရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)