သာစည်မြို့နယ်တွင် ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှု ၆၈ ဒသမ ၄၂ ရာခိုင်နှုန်းရှိ

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူစာရင်းကို ယနေ့နံနက်ပိုင်းက နိုင်ငံတစ်ဝန်းထုတ်ပြန်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အောင်ချက်ရာခိုင်နှုန်း ၆၈ ဒသမ ၄၂ ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

မြေပုံမြို့နယ်၌ တက္ကသိုဝင်စာမေးပွဲတွင် ဖြေဆိုအောင်မြင်မှု ၆၅.၉၇ ရာခိုင်နှုန်းရှိ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ သက်ဆိုင်ရာမြို့နယ်အသီးသီး၏ မြို့နယ်ပညာရေးမှူး ရုံးများနှင့် စာစစ်ဌာနများတွင် ယနေ့နံနက် ၆ အချိန်၌ ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

အမ်းမြို့နယ်၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှု ၅၉.၆၃ ရာခိုင်နှုန်းရှိ

နိုင်ငံတစ်ဝန်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက်(၆)နာရီအချိန်မှစ၍ ထုတ်ပြန်ကြေညာခဲ့ရာ အမ်းမြို့နယ်ရှိ မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာနကျောင်းများတွင် ထုတ်ပြန်ကြေညာထားပြီး ဖြစ်သည်။

ဂွမြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုအောင်မြင်မှု ၇၁.၅၁ ရာခိုင်နှုန်းရှိ

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို   မြန်မာနိုင်ငံတစ်ဝှမ်းရှိ သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ မြို့နယ်ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ယနေ့နံနက်ပိုင်း၌ ထုတ်ပြန်ကြေညာခဲ့ရာ ဂွမြို့နယ်တွင် အောင်မြင်မှုရာခိုင်နှုန်း ၇၁.၅၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ရသေ့တောင်မြို့နယ်မှ အောင်ချက် ၅၆.၂၆ ရာခိုင်နှုန်းအထိရှိ

၂၀၂၂ -၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်သူများစာရင်းအား မြန်မာနိုင်ငံတစ်ဝှမ်းရှိ သက်ဆိုင်ရာမြို့နယ်အသီးသီး၏ မြို့နယ်ပညာရေးမှုးရုံးများနှင့် စာစစ်ဌာနများတွင် ယနေ့နံနက် ၆ နာရီအချိန်မှ စတင်၍ ထုတ်ပြန်လျက်ရှိရာ ရ‌သေ့တောင်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းအောင်စာရင်းအား ကျောင်းသား၊ကျောင်းသူများနှင့် ကျောင်းသားမိဘများက လာရောက်ကြည့်ရှုခဲ့ကြသည်။ 

ရမည်းသင်းမြို့နယ်အတွင်း ၂၀၂၃ နှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်အတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင် စာရင်းများ ထုတ်ပြန်ခြင်းကို ဇွန် ၉ ရက် နံနက် ၄ နာရီက ရမည်းသင်းမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် ရွာတန်းအထက၊ သိမ်ကုန်းအထက၊ မြို့လှအထကနှင့် ရွှေဒါးအထကကျောင်းများ၌ အသီးသီးထုတ်ပြန်ထားကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်၌ အခြေခံငါးမွေးမြူရေးနှင့် ငါးဆေးထိုး သားဖောက်သင်တန်းဆင်းပွဲ အခမ်း အနားကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ မုတ်လွဲကျေးရွာအုပ်စု၊ ခါးရှိကျေးရွာရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာန၊ ငါးသားဖောက်လုပ်ငန်း စခန်းရုံးတွင် အခြေခံငါးမွေးမြူရေးနှင့် ငါးဆေးထိုးသားဖောက်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါရုံး သင်တန်းခန်းမဆောင်တွင် ကျင်းပခဲ့သည်။

ချီဖွေမြို့၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် (၇၁ ဒဿမ ၄၃) ရာခိုင်နှုန်း အောင်မြင်

ကချင်ပြည်နယ်၊ ချီ‌ဖွေမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ၂၀၂၃ ခုနှစ် မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၂၈) ဦး ဝင်ရောက်ဖြေဆိုရာ အောင်မြင်သူ (၂၀) ဦး ရှိကြောင်း သိရသည်။
Subscribe to