ကျောက်ဆည်မြို့နယ်တွင် ရေဆင်း(၁)စပ်မျိုးနေကြာ မျိုးစေ့ထုတ်စိုက်ခင်းအား ထုံးဘိုရိတ်သိမ်းချိန်လွန် သင်တန်းကျောင်းမှ သင်တန်းသား/သင်တန်းသူများ လာရောက်လေ့လာ

ကျောက်ဆည်   ဇွန်   ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ကြောင်ပန်းကုန်းကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့နှင့်စိုက်ပျိုးနည်းစနစ်များကူညီပံ့ပိုးမှုဖြင့် စိုက်ပျိုးထားသော ရေဆင်း(၁) စပ်မျိုးနေကြာ မျိုးစေ့ထုတ်စိုက်ခင်းအား ယမန်နေ့ နံနက်(၁၀)နာရီက ထုံးဘိုရိတ်သိမ်းလွန်သင်တန်းကျောင်းမှ သင်တန်းသား/သင်တန်းသူများ လာရောက်လေ့လာခဲ့ကြောင်း သိရသည်။

အဆိုပါ မျိုးစေ့ထုတ်နေကြာစိုက်ခင်းသည် ကြောင်းပန်းကုန်းကျေးရွာ ကွင်းအမှတ်(၁၇၀-ခ)၊ ဦးပိုင် အမှတ်(၁၅၀) တောင်သူဦးပေါတင်၏ (၃.၅)ဧကမြေတွင် စိုက်ပျိုးထားခြင်းဖြစ်ကြောင်း၊ လာရောက်လေ့လာသော သင်တန်းသား/သင်တန်းသူများနှင့်ဝန်ထမ်းများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်၊ သီးနှံတာဝန်ခံလက်ထောက်ဦးစီးမှူးဒေါ်ခင်ဆွေလင်းနှင့် ဝန်ထမ်းများက လိုက်ပါရှင်းလင်း ပြသခဲ့ကြောင်းနှင့် မျိုးစေ့ထုတ်စိုက်ခင်းအား ၂၀၂၃ ခုနှစ် မေလ(၂)ရက်နေ့တွင် တန်းကြား(၂)ပေ၊ ပင်ကြား (၉)လက်မဖြင့် အဖို(၁)လိုင်း၊အမ(၃)လိုင်း နည်းစနစ်ဖြင့် စိုက်ပျိုးထားပြီးကြောင် းပန်းကုန်းကျေးရွာအုပ်စုတွင် မျိုးစေ့ထုတ်နေကြာ(၂၀)ဧက စိုက်ပျိုးထားကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသအတွင်းစားသုံးဆီ ဖူလုံပိုလျှံစေရေးနှင့် ဒေသနှင့်ကိုက်ညီသည့်နေကြာမျိုးစေ့များဖူလုံစေရေး ငှက္ကတောင်ကျေးရွာအုပ်စုရှိတောင်သူ(၅)ဦး၏ စိုက်ပျိုးမြေ များတွင်(၂၀)ဧက၊ ပြည်ပန်းကျေးရွာအုပ်စုရှိ တောင်သူ(၅)ဦး၏ စိုက်ပျိုးမြေများတွင်(၂၀)ဧက၊ ကျီးအိပ်ကျေးရွာအုပ်စု တောင်သူ(၉)ဦး၏ စိုက်ပျိုးမြေများတွင် (၃၀) ဧက၊ ကြောင်ပန်းကုန်းကျေးရွာအုပ်စု တောင်သူ(၅)ဦး၏ စိုက်ပျိုးမြေများတွင်(၂၀)ဧက၊ စပါယ်တောကျေးရွာအုပ်စု တောင်သူ(၁၃)ဦး၏ စိုက်ပျိုးမြေများတွင်(၄၀)ဧက၊ မြေစိုပါယ်ကျေးရွာအုပ်စု တောင်သူ(၆)ဦး၏ စိုက်ပျိုးမြေများတွင်(၂၀)ဧက စုစုပေါင်း(၁၅၀)ဧက စိုက်ပျိုးထားကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)