စဉ့်ကိုင် ဇွန် ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်၀င်တန်းစာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာစာစစ်ဌာနကျောင်းများတွင် ယနေ့နံနက်(၆)နာရီက စတင်ထုတ်ပြန်ကြေညာခဲ့ရာ အောင်ချက်ရာချက်ရာခိုင်နှုန်းအနေဖြင့် ၇၈ ဒသမ ၆၇ ရာခိုင်နှုန်းရှိကြောင်းသိရသည်။
အဆိုပါ တက္ကသိုလ်၀င်တန်းစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာထားမှုကို စာစစ်ဌာနအသီးသီးရှိ ကျောင်းများ၌ ကပ်ထားသည်များကို လူကိုယ်တိုင် လာရောက်ကြည့်ရှုသူများရှိသကဲ့သို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၏ www.myanmarexam.org တွင်လည်း ၀င်ရောက်ကြည့်ရှုသူများလည်းရှိသည်။ စဉ့်ကိုင်မြို့နယ်အနေဖြင့် တက္ကသိုလ်၀င်စာမေးပွဲကို အ-ထ-က(စဉ့်ကိုင်)၊ အ-ထ-က (ပလိပ်) ဟူ၍ စာစစ်ဌာန(၂)ခုဖွင့်လှစ် ဖြေဆိုခဲ့ရာ ဝင်ရောက်ဖြေဆိုသူ ၆၄၇ ဦးအနက် ၅၀၉ ဦးအောင်မြင်ခဲ့ပြီး ငါးဘာသာဂုဏ်ထူးရှင်(၆)ဦး၊ လေးဘာသာဂုဏ်ထူးရှင်(၄)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၁၄)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၂၆)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၁၆၉)ဦး၊ ရိုးရိုးအောင်မြင်သူ(၂၉၀) ဦးထွက်ပေါ်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)