မလှိုင်မြို့နယ်၌ ၂ဝ၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်ရာခိုင်နှုန်း (၈၅.၅၇)ဖြင့် အောင်မြင်

မလှိုင်   ဇွန်  ၉

၂ဝ၂၃ ခုနှစ် မတ်လတွင်ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ  အောင်စာရင်းများကို ယနေ့နံနက် (၆)နာရီ အချိန်မှ စတင်၍ မလှိုင်မြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

မလှိုင်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲအတွက် မလှိုင်အ.ထ.က(ဧရာဝတီ)၊ ပန်းအိုင် (အ.ထ.က) ၊ဆည်တို (အ.ထ.က)နှင့် နှောကန်(အ.ထ.က) ဟူ၍ စာစစ်ဌာန (၄)ခု ထားရှိပြီး  မလှိုင်မြို့နယ်မှ စာရင်းရှိကျောင်းသား(၃၈၈)ဦး ကျောင်းသူ(၆၅၃)ဦး၊ စုစုပေါင်း(၁၀၄၁)ဦးတွင် ဝင်ရောက်ဖြေဆိုသူ(၉၉၁)ဦးရှိ၍ (၈၄၈)ဦးအောင်မြင်ခဲ့သည်။ အဆိုပါ စာမေးပွဲတွင်  ခြောက်ဘာသာဂုဏ်ထူးရှင်(၅၁)ဦး၊ ငါးဘာသာဂုဏ်ထူးရှင်(၇၄)ဦး၊ လေးဘာသာဂုဏ်ထူးရှင်(၄၉)ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင်(၅၃)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၈၁)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်(၂၀၅)ဦးရှိပြီး ဂုဏ်ထူးရရှိသူ စုစုပေါင်း (၅၁၃)ဦး ရှိ၍ ရိုးရိုးအောင်မြင်သူ(၃၃၅)ဦး ရှိကြောင်း သိရသည်။

 တစ်မြို့နယ်လုံး အနေဖြင့် အောင်ချက်ရာခိုင်နှုန်းမှာ(၈၅.၅၇)ရှိကြောင်းသိရသည်။

အောင်ဌေး(မလှိုင်)