သပိတ်ကျင်းမြို့နယ်အတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများထုတ်ပြန်

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ခြင်းကို  ဇွန် ၉ ရက်နံနက် (၆)  နာရီကသပိတ်ကျင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းနှင့် သက်ဆိုင်ရာကျောင်းများ၌ အသီးသီးထုတ်ပြန်ထားကြောင်း သိရသည်။

ပလောက်မြို့စာစစ်ဌာန(၁)ခု၌ ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ကပ်ထားကြေညာပေးလျက်ရှိ

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇွန်လ ၉ ရက် နံနက်၆နာရီအချိန်မှစ၍ တစ်နိုင်ငံလုံး ရှိစာစစ်ဌာနများတွင်ထုတ်ပြန်ကြေငြာသကဲ့သို့ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း သင်ပုန်းတွင် ကပ်ထားကြေညာ ပေးထားရာ ကျောင်းသား/သူများ၊မိဘအုပ်ထိန်းသူ များ လာရောက်ကြည့်ရှုသူ များပြား ကြောင်း သိရှိရ သည်။

ဘူးသီးတောင်မြို့နယ်ရှိ စာစစ်ဌာနများ၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ထုတ်ပြန်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်ရှိ စာစစ်ဌာနများနှင့် ပညာရေးမှူးရုံးများတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ဇွန်လ ၉ ရက်နေ့ ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာရာ ဝင်ရောက်ဖြေဆိုခဲ့သော ကျောင်းသား/ကျောင်းသူ(၁၂၀၀)ဦးတွင် (၅၃၁) ဦးအောင်မြင်ခဲ့ကြောင်း သိရသည်။

နွားထိုးကြီးမြို့နယ်ရှိ စာစစ်ဌာနများ၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ထုတ်ပြန်

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို သက်ဆိုင်ရာစာစစ်ဌာနကျောင်းများတွင် ယနေ့ နံနက် ၆ နာရီ အချိန်က စတင်ထုတ်ပြန်ကြေညာပေးထားကြောင်း သိရသည်။

တောင်သာမြို့နယ်ရှိ စာစစ်ဌာနများ၌ ၂ဝ၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ

တောင်သာမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌  ၂ဝ၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို သက်ဆိုင်ရာစာစစ်ဌာနကျောင်းများတွင် ယနေ့ နံနက် ၆ နာရီ အချိန်က  စတင်ပြီး ထုတ်ပြန် ကြေညာပေးကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ ၅၅.၅ ရာခိုင်နှုန်းအောင်မြင်

၂၀၂၃ခုနှစ်  တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်တွင်ကျင်းပခဲ့ရာ အောင်မြင်သူများစာရင်းအား ယနေ့ နံနက်ပိုင်းမှစတင်၍ မြန်မာနိုင်ငံတစ်ဝှမ်းရှိ  သက်ဆိုင်ရာစာစစ်ဌာနများတွင်ကြေညာပေးလျက်ရှိရာ ပြည်ကြီးမဏ္ဍိုင်မြို့အခြေခံပညာအထက်တန်းကျောင်း၌လည်း ထုတ်ပြန်ထားကြောင်းသိရသည်။

၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းထုတ်ပြန်

၂၀၂၂-၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို နိုင်ငံတစ်ဝန်း၌ ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာလျက်ရှိရာ တံတားဦးခရိုင် တံတားဦးမြို့နယ်အနေဖြင့် အခြေခံပညာ အထက်တန်းကျောင်းနှင့် မြို့နယ်ပညာရေးမှူးတို့တွင် ထုတ်ပြန်ထားကြောင်းသိရသည်။

ကော့သောင်းမြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး  နံရံကပ်ပြပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်မိုးနှင့်အဖွဲ့တို့သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးနံရံကပ်ပြပွဲ ပြသခြင်းကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အောင်သုခရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ရတနာခန်းမတွင် ပြုလုပ်ခဲ့သည်။
Subscribe to