ဂွမြို့ လူထုအခြေပြုဗဟိုဌာနတွင် လူသုံးကုန်ပစ္စည်းများနှင့် ပတ်သက်၍ အသိပညာပေးTalk  Show ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးရေးရာဦးစီးဌာနတို့ပူးပေါင်း၍ လူသုံးကုန်ပစ္စည်းများနှင့် ပတ်သက်၍ အသိပညာပေး Talk  Show ကိုယနေ့ နေ့လယ်ပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ သဘာဝမိခင်အဖွဲ့နှင့် စာဖတ်ဝိုင်းပြုလုပ်

 ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊ ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် သဘာဝမိခင်အဖွဲ့နှင့်စာဖတ်ဝိုင်းကို ယနေ့နံနက်၁၀ နာရီက အဆိုပါအဆောက်အဦ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ သည်။

ကလိန်အောင်မြို့တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ ဆောင်ရွက်

အနာဂတ် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မမေ့သင့် မမေ့အပ်သော နေ့ထူးနေ့မြတ်များအကြောင်း သိရှိ‌‌စေရန်နှင့် မှတ်သားအတုယူနိုင်စေရန် ရည်ရွယ်၍ ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်မည့်(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့သည်။

ကျိုက်လတ်မြို့နယ်တွင် ဆောင်းနေကြာသီးနှံ မျိုးစေ့ချပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ စီမံကိန်းဆီထွက်သီးနှံ ဖြစ်သည့် ဆောင်းနေကြာ သီးနှံမျိုးစေ့ချပွဲကို ယနေ့နံနက် (၈)နာရီ၌ သာယာဝဲကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၃၄) သာယာဝဲကွင်း၊ ဦးပိုင်အမှတ်(၂၃/၂)၊ ဧရိယာ(၆.၈၈)ဧကရှိ ဦးသောင်းလုပ်ပိုင်ခွင့်ရ လယ်မြေအတွင်းမှ ဧရိယာ(၀.၉၉)ဧကတွင် ရေဆင်းစပ်မျိုး(၁) နေကြာမျိုးစေ့ချပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။

ချမ်းအေးသာစံမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ဖြစ်ပေါ်စေရန်၊ ဖတ်မှတ်စွမ်းရည် တိုးတက်လာစေရန် ရည်ရွယ်၍ စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့  နံနက် ၁၀ နာရီက မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

(၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေး

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၁၀၂)နှစ်မြောက်၊ အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နေ့ပိုင်းကျောင်းဆင်းချိန်က စစ်ကိုင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများအား စစ်ကိုင်းခရိုင် ပြန်/ဆက် ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ ကြကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရန် အထောက်အကူပြုသည့် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌ အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် စာအုပ်၊စာစောင်များ ငှားရမ်းဆောင်ရွက်

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရုံးဝန်ထမ်းများမှ ယနေ့ နံနက်၁၁နာရီက ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် မြို့သစ် ရပ်ကွက်ရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ရုံးသို့သွားရောက်၍ ဝန်ထမ်းများအား စာအုပ်၊စာစောင်များ အခမဲ့ ငှားရမ်းပေးခဲ့သည်။

(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်  ဆေးရောင်ခြယ် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

၂၀၂၂- ခုနှစ် နိုဝင်ဘာ ၁၇ရက်နေ့တွင် ရောက်ရှိမည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင် ပွဲနေ့အထိမ်းအမှတ်ဆေးရောင်ခြယ်၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပသည်။ 

ရခိုင်ပြည်နယ် မောင်တောမြို့၌  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးဆောင်၍ စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်

ရခိုင်ပြည်နယ် မောင်တောမြို့၌  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်တို့အား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက်  ယနေ့နံနက် ၈ နာရီအချိန်  ရပ်ကွက်၊ ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Subscribe to