လောက်ကိုင်မြို့၌ အခြေခံပညာမူလတန်းနှင့် အလယ်တန်းမြို့နယ်အဆင့် သင်္ချာ/အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲများကျင်းပ

အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသားလူငယ်များ ပညာသင်ကြားရာတွင် အင်္ဂလိပ်စာဘာသာစကား ဝေါဟာရ ကြွယ်ဝစေရေး၊ ကိုယ်ပိုင်အတွေးအခေါ်ဖြင့် ရေးသားမှုစွမ်းရည်၊ အင်္ဂလိပ်စာဘာသာစကားပြော ကျွမ်းကျင်မှုစွမ်းရည်များ မြှင့်တင်ပေးနိုင်ရန် အတွက် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲနှင့် ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားတွေးခေါ်တတ်မှု၊ တီထွင်ကြံဆတတ်မှု၊ ထိုးထွင်းသိမြင်နိုင်မှု စွမ်းရည်များ မြှင့်တင်ရန်၊ ပြဿနာဖြေရှင်းနည်းလမ်းများကို ရှာဖွေဖန်တီးနိုင်ရန်အတွက် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၌ မြို့နယ်အဆင့် သင်္ချာ/အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲကို အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့ နံနက်ပိုင်း ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများက လွိုင်ကော်ကက်သလစ်သာသနာမှ ပြည်နယ် အတွင်းရှိ ကျောင်းထိုင်ဘုန်းတော်ကြီးများနှင့် တွေ့ဆုံပြီး လှူဖွယ်ဝတ္ထုပစ္စည်းနှင့် ထောက်ပံ့ငွေများ လှူဒါန်း

ကယားပြည်နယ်အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများက  လွိုင်ကော်ကက်သလစ်သာသနာမှ ပြည်နယ်အတွင်းရှိ ကျောင်းထိုင်ဘုန်းတော်ကြီးများနှင့် တွေ့ဆုံခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ခရစ်တော်ဘုရင် ဘုရားရှိခိုးကျောင်း၌ ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် လွိုင်ကော်ကက်သလစ်သာသနာမှ ပြည်နယ်အတွင်းရှိ ကျောင်းထိုင်ဘုန်းတော်ကြီးများ တက်ရောက်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင် ဌာနဆိုင်ရာများစုပေါင်း၍ မကွေးမြို့ အစိုးရ ရိပ်သာဝန်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီး သန့်ရှင်းသာယာလှပရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ် များတွင် မြို့ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး အပတ်စဉ် (စနေနေ့တိုင်း)စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး အစိုးရရိပ်သာဝန်း အတွင်းအပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ သွားရောက်၍ ကြည့်ရှုအားပေးသည်။

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၀၄ ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ ကျင်းပ

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူး၍ ၁၀၄ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ စေတိယင်္ဂဏနာယက ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ စာထောက်စာမဆရာတော်များ၊ နိဗဒ္ဓသံဃာတော်များနှင့် တိုင်းဒေသကြီးနှင့်

ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း (၃၃)နှစ်မြောက် ကလေးသူငယ် အခွင့်အ‌ရေးများ ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် “ကမ္ဘာ့ကလေးများနေ့” အခမ်းအနားသို့ တက်ရောက်

“အားလုံးအကျုံးဝင်ဖွံ့ဖြိုးဖို့ ကလေးတိုင်းအတွက် ဆောင်ရွက်စို့” ‌(Inclusion For Every  Child) ဆောင်ပုဒ်ဖြင့် (၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အ‌ရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် “ကမ္ဘာ့ကလေးများနေ့” အခမ်းအနားအား ယမန်နေ့နံနက် ၉နာရီခွဲက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ အေးမြသီတာခန်းမတွင် ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း တက်ရောက် အမှာစကား ပြောကြားသည်။

ဟင်္သာတမြို့နယ်တွင် စာဆိုတော်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကားပြော ပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၌ မြို့နယ်စာရေးဆရာ အသင်းမှ ကြီးမှူးကျင်းပသော စာဆိုတော်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကားပြော ပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ဟင်္သာတခရိုင် ပြန်/ဆက်ရုံး Community Centre ခန်းမတွင် ကျင်းပခဲ့သည်။

“တူယှဉ်နွှဲပျော်ဂီတပွဲတော်”သီချင်းဆိုပြိုင်ပွဲ Season-2 ပြိုင်ပွဲဝင်များနှင့် မိသားစုများ အမျိုးသားစာကြည့်တိုက်(ရန်ကုန်) သို့ သွားရောက်လေ့လာ

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “တူယှဉ်နွှဲပျော်ဂီတပွဲတော်” Season-2 သီချင်းဆိုပြိုင်ပွဲကို ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် စက်တင်ဘာ ၂ ရက်မှ စတင်ပြီး ပွဲစဉ် ၁၈ ပွဲဖြင့် အပတ်စဉ် သောကြာနေ့ညတိုင်း ကျင်းပလျက်ရှိသည်။

ပင်လောင်းမြို့နယ်အတွင်း ရေရှည်တည်တံ့သော အစားထိုး အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေး စီမံကိန်း ကျေးရွာများသို့ လက်လှည့်ပြောင်းခြွေစက် ပေးအပ်ပွဲနှင့် အစေ့ထုတ်ပြောင်း စံပြစိုက်ခင်းရိတ် သိမ်းပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပေါ့အင်ကျေးရွာအုပ်စု နောင်ချိုကျေးရွာ၌ ကျေးရွာလူထု ပုံမှန်ဝင်ငွေရရှိရေးနှင့် ရေရှည် တည့်တံ့ရေးအတွက် မယ့်ဖါးလုံဖောင်ဒေးရှင်းနှင့် CPP ကုမ္ပဏီတို့ ပူးပေါင်း၍ ရေရှည်တည်တံ့သော အစားထိုးအသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေး စီမံကိန်း ကျေးရွာများသို့ လက်လှည့်ပြောင်းခြွေစက် ပေးအပ်ပွဲနှင့် အစေ့ထုတ်ပြောင်း စံပြစိုက်ခင်းရိတ်သိမ်းပွဲကို ယမန်နေ့နံနက် ၉ နာရီ တွင် ကျင်းပသည်။

ဗဟန်းမြို့နယ်အတွင်း အနှေးယာဥ်များအား ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ပြောကြားခြင်း၊ ရောင်ပြန်စတေကာများ အခမဲ့တပ်ဆင်ပေးခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် မြို့နယ်အတွင်း ဖြတ်သန်းသွားလာနေသော စက်ဘီး၊ လူစီးဆိုက်ကား၊ အနှေးယာဥ်များအား ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ပြောကြားခြင်း၊ ရောင်ပြန်စတေကာများ အခမဲ့တပ်ဆင်ပေးခြင်းကို ရေတာရှည် (၃)လမ်း၊ အုတ်လမ်း၊ ဗဟန်း (၃)လမ်းတို့၌ ယမန်နေ့နံနက်(၉း၀၀)နာရီအချိန်က ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ဗဟန်းမြို့နယ်၌ ဝက်သား၊ ဆိတ်သား၊ အမဲသား၊ ငါး၊ ဆန်၊ ဆီ၊ ကြက်ဥတို့အား ဈေးရောင်း ကားများဖြင့် ရောင်းချ ပြီး MASK များအခမဲ့ ဖြန့်ဝေခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံ မြောက်အရှေ့ရပ်ကွက်၊ အရှေ့ဗဟိုလမ်းတွင် ယမန်နေ့ နံနက်(၀၆း၃၀)အချိန်မှ(၉း၃၀) အချိန်ထိ လိုင်စင်စီ ဝက်သား၊ ဆိတ်သား၊ အမဲသား၊ ငါး၊ ဆန်၊ ဆီ၊ ကြက်ဥတို့အား ဈေးရောင်းကားများဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။ ထိုသို့ ရောင်းချရာ ဝက်သား(၁)ပိဿာ( ၁၃၀၀၀) နှုန်းဖြင့် ( ၁၀ )ပိဿာ၊ ဆိတ်သား( ၁ )ပိဿာ(၂၃၀၀၀) နှုန်းဖြင့်(၁၀) ပိဿာ၊ အမဲသား(၁)ပိဿာ (၁၃၀၀၀)နှုန်းဖြင့်( ၁၀) ပိဿာ၊ ငါး(၁) ပိဿာ(၉၀၀၀/၆၀၀၀/၅၀၀၀) နှုန်းဖြင့်
Subscribe to