မိုင်းဆတ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းထုတ်ပြန်ကြေညာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို ယမန်နေ့ နံနက်ပိုင်းက အ.ထ.က (မိုင်းတုံ) တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

၂၀၂၃ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံခန်းမတွင် ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ အသင်းနည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

လဟယ်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျေးရွာများသို့ ကွင်းဆင်း ဆေးကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသလဟယ်မြို့နယ်တွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာ၀န် ဒေါက်တာ ဝိုင်းအောင်နှင့် ကျန်းမာရေး ၀န်ထမ်းများ သည် ဇွန်လ ၇  ရက်နေ့က လဟယ်မြို့နယ် အံ့ပေါ်ကျေးရွာနှင့် မော်ဖွန်ကျေးရွာများသို့ ကွင်းဆင်း၍ ကလေး‌၊ လူကြီး လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မိုးကုတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ၇၄ . ၂၁% ရှိ​

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ယမန်နေ့ နံနက်မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထုတ်ပြန်ခဲ့ရာ မန္တလေးတိုင်း ဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ၇၄ . ၂၁% ရှိကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ မိုးရာသီအတွက် တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေး

မန္တ​လေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးမည့် တောင်သူများအတွက် အချိန်မီစိုက်ပျိုးနိုင်ရေး စိုက်ပျိုးစရိတ်ချေးငွေ များကို မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ထုတ်ချေးပေးလျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီအချိန်က သပိတ်ကျင်း "မြို့မ" နှင့် ရေညှာဦးကျေးရွာမှ တောင်သူ (၂၄) ဦးထံသို့ မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေ ကျပ်(၁၆.၅၀)သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့နယ်အတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်အတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ခြင်းကို ယမန်နေ့ နံနက် ၄ နာရီက မြို့နယ်ပညာရေးမှူးရုံးနှင့် အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနများ၌ အသီးသီးထုတ်ပြန်ထားရှိရာ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများက လာရောက်ကြည့်ရှုကြကြောင်း သိရသည်။

ကမာရွတ်မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်၀င်ခွင့်စာမေးပွဲ အောင်စာရင်းထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မတ်လ၈ ရက်နေ့မှ ပြုလုပ်ခဲ့သည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်စာရင်းကို ယမန်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာ စာစစ်ဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ထုတ်ပြန်ထားကြောင်း သိရသည်။

စမ်းချောင်းမြို့နယ် Community Centre ခန်းမတွင် က‌လေးသူငယ်ကာကွယ်‌စောင့်ရှောက်ရေးအသိပညာ‌ပေး Talk Show ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ် Community Centre ခန်းမ၌ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအသိပညာပေး Talk Show ကို ဇွန်လ ၈ ရက်နေ့ နေ့လယ်(၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကြည့်မြင်တိုင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ရာခိုင်နှုန်း ၅၇.၈၇ ရာခိုင်နှုန်းရှိ

ရန်ကုန်တိုင်း​ဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်ခြင်းကို ယမန်​နေ့နံနက် ၆ နာရီက မြို့နယ် ပညာရေးမှူးရုံးနှင့် အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနအသီးသီး၌ ထုတ်ပြန်ကြေညာခဲ့ရာ အောင်မြင်မှုရာခိုင်နှုန်း ၅၇.၈၇ ရာခိုင်နှုန်း အောင်မြင်​ကြောင်း သိရသည်။

ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ဆေးတက္ကသိုလ်(၁) မှ ကျောင်းသား/ကျောင်းသူများ လာရောက် ကွင်းဆင်းလေ့လာ

ရန်ကုန်တိုင်း​ဒေသကြီး၊​ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ပြည့်သူ့ကျန်းမာရေးဦးစီးဌာနသို့ ဆေးတက္ကသိုလ် (၁) နောက်ဆုံးနှစ်အပိုင်း(က) ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဌာနမှ ကျောင်းသား၊ ကျောင်းသူများက နံနက် ၉ နာရီအချိန်က လာ​ရောက်ကွင်းဆင်းလေ့လာခဲ့​ကြကြောင်း သိရသည်။
Subscribe to